ယူကရိန်းနွယ်ဖွား မော်ဒယ်လ်ကို Miss Japan 2024 အလှမယ် ရွေးချယ်လိုက်တာကြောင့် အငြင်းပွားမှုတွေဖြစ်ပေါ်
ရောင်နီ (NSS) - ဇန်နဝါရီ ၂၇
ယူကရိန်းနွယ်ဖွား အသက် ၂၆ နှစ်အရွယ် ဂျပန်မော်ဒယ် တစ်ဦးဟာ တနင်္လာနေ့ (ဇန်နဝါရီလ ၂၂ ရက်)က Miss Japan 2024 အဖြစ်ရွေးချယ်ခံခဲ့ရပြီး အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပါတယ်။
ရှီနိုအမည်ရှိ Miss Japan 2024 အဖြစ် ရွေးချယ်ခံထားရသူဟာ ယူကရိန်းမှာ မွေးဖွားခဲ့သူဖြစ်ပေမယ့် မိခင်က ဂျပန်အမျိုးသားနဲ့ နောက်အိမ်ထောင်ပြုခြင်းကြောင့် အသက် ၅ နှစ် အရွယ်ကတည်းက ဂျပန်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အဲဒီနောက် သူမဟာ Miss Japan 2024 အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။
"ကျွန်မကို ဂျပန်လူမျိုးအဖြစ် လက်မခံကြတဲ့အတားအဆီးတွေနဲ့ ရင်ဆိုင်ခဲ့ရတာမို့ ဒီပြိုင်ပွဲမှာ ဂျပန်လူတစ်ယောက်အဖြစ် အသိအမှတ်ပြုခံရတာကို ကျေးဇူးတင်ပါတယ်” လို့ ရှီနိုက စင်မြင့်ပေါ်မှာ ပြောကြားခဲ့ပါတယ်။
သူမက သူမကိုယ်သူမ ဂျပန်အမျိုးသမီးအဖြစ် ပြောဆိုခဲ့ပေမယ့် သူမရဲ့ရွေးချယ်ခံရမှုအပေါ် ဆိုရှယ်မီဒီယာမှာ သံသယတွေဖြစ်နေခဲ့ပြီး ဂျပန်နွယ်ဖွားမဟုတ်သူတစ်ဦးကို နိုင်ငံကိုယ်စားပြု သရဖူဆောင်းခဲ့တဲ့အပေါ် အချို့က မေးခွန်းထုတ်ခဲ့ကြပါတယ်။
"ဂျပန်အလှမယ်အဖြစ် ရွေးချယ်ခံရပေမယ့် သူမဟာ ဂျပန်သွေးမရှိတဲ့ ၁၀၀ ရာခိုင်နှုန်း ယူကရိန်းစစ်စစ်ပဲ။ သူမက လှတယ်ဆိုတာ နားလည်ပေမယ့် ဒါက 'ဂျပန်အလှမယ်' မဖြစ်သင့်ဘူး။ ဂျပန်ရဲ့အလှက ဘယ်မှာလဲ။ ဂျပန်မှာ နေထိုင်တဲ့ ဂျပန်မဟုတ်တဲ့ သူတစ်ယောက်အနေနဲ့ ဂျပန်နိုင်ငံနဲ့ လူမျိုးရေးအဆက်အစပ်မရှိသူတစ်ယောက်ကို ရွေးချယ်တာဟာ ရယ်စရာကောင်းလွန်းတယ်"ဆိုတဲ့ မှတ်ချက်တွေဟာ ဆိုရှယ်မီဒီယာမှာ ပြည့်နှက်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူ၊ ချန်ဂီလေဆိပ်မှာ တောရိုင်းကြံ့ချိုများနဲ့အတူ ဖမ်းမိခဲ့တဲ့ တောင်အာဖရိက အမျိုးသားထောင်ဒဏ်ချမှတ်ခံရ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ