စင်ကာပူ၊ ချန်ဂီလေဆိပ်မှာ တောရိုင်းကြံ့ချိုများနဲ့အတူ ဖမ်းမိခဲ့တဲ့ တောင်အာဖရိက အမျိုးသားထောင်ဒဏ်ချမှတ်ခံရ
ရောင်နီ (NSS) - ဇန်နဝါရီ ၂၇
လာအိုနိုင်ငံကို ကြံ့ချို ၃၄ ဒသမ ၇ ကီလိုဂရမ် ပို့ဆောင်ဖို့ ကြိုးပမ်းနေတဲ့ တောင်အာဖရိက အမျိုးသားတစ်ဦးကို စင်ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ်မှာ ဖမ်းမိခဲ့ပါတယ်။
ဂူမက်ဒဲစသန်ဘီဆို အမည်ရှိ အသက် ၃၃ နှစ်အရွယ် တောင်အာဖရိက လူတစ်ဦးဟာ တရားဝင်ခွင့်ပြုချက်မရှိဘဲ ကြံ့ဦးချိုတွေကို လာအိုနိုင်ငံဆီ ပို့ဆောင်ဖို့ ကြိုးပမ်းမှုနဲ့ အပြစ်ရှိကြောင်း ၀န်ခံခဲ့ပါတယ်။
ဖြစ်စဉ်ကတော့ ၂၀၂၂ ခုနှစ် အောက်တိုဘာလက ဂူမတ်ဟာ စင်ကာပူနိုင်ငံကိုဖြတ်ပြီး လာအိုနိုင်ငံကို လေယာဉ်နဲ့ ပျံသန်းသွားဖို့ စီစဉ်နေချိန်၊ လေယာဉ်မထွက်ခွာမီ ၁၅ မိနစ်အလိုမှာ သူ့ရဲ့ကတ်ထူစက္ကူပုံး ၂ ခုထဲမှ ကြံ့ချိုတွေကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပါတယ်။
DNA ခွဲခြမ်းစိတ်ဖြာမှုအရ တောင်ပိုင်းကြံ့ဖြူ ၁၅ ကောင်ရဲ့ ဦးချိုတွေနဲ့ ကြံ့နက်တစ်ကောင်ရဲ့ ဦးချိုတွေဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါကြံ့ချိုတွေဟာ စင်ကာပူဒေါ်လာ ၁.၂ သန်း (အမေရိကန်ဒေါ်လာ ၈၉၅,၄၀၀ ) ခန့် တန်ဖိုးရှိပါတယ်။
၎င်းဟာ စင်ကာပူနိုင်ငံရဲ့ကြံ့ချို ဖမ်းဆီးရမိမှုတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၆ ရက်မှာတော့ ဂူမတ်ကို တောင်ပိုင်းကြံ့ချိုတွေအတွက် ထောင်ဒဏ် ၂၄ လနဲ့ ကြံ့နက်တွေအတွက် ထောင်ဒဏ် ၁၄ လ ချမှတ်ခဲ့ပါတယ်။
မျိုးသုဉ်းလုနီးပါးမျိုးစိတ်တွေကို ခွင့်ပြုချက်မရှိဘဲ သယ်ဆောင်မှုအတွက် စင်ကာပူမှာ ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယ- မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေးမှုစနစ်ကို လာမည့်လ၌ စတင်ဆောင်ရွက်မည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း