ဗြိတိန်စစ်တပ်ရဲ့အရွယ်အစား အင်အားသေးငယ်နေဆဲဖြစ်ကြောင်း အမေရိကန်ရေတပ်အကြီးအကဲပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၆
ဗြိတိန်နိုင်ငံအနေနဲ့ ၎င်းတို့ရဲ့စစ်တပ်အင်အားအရွယ်အစားကို ပြန်လည်သုံးသပ်သင့်ကြောင်း အမေရိကန်ရေတပ် တပ်ဖွဲ့အကြီးအကဲတစ်ဦးက ဝေဖန်ထောက်ပြလိုက်ပါတယ်။
အမေရိကန် နဲ့ မဟာမိတ်နိုင်ငံတွေဟာ လက်ရှိအချိန်မှာ တရုတ်၊ ရုရှားနိုင်ငံတို့အပြင် အရှေ့အလယ်ပိုင်းဒေသ အတွင်း တင်းမာမှုတွေရဲ့ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရကြောင်း အမေရိကန်ရေတပ်ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ ကာလိုစ့် ဒယ်တိုရိုက ပြောပါတယ်။
၎င်းက "ဗြိတိန်စစ်တပ်ဟာ လက်ရှိဖြစ်ပွားနေတဲ့ ခြိမ်းခြောက်မှုတွေနဲ့နှိုင်းယှဉ်ရင် ဗြိတိန်စစ်တပ်အရွယ်စားက ကြီးနေသလား၊ သေးနေသလားဆိုတာပြန်လည်စဉ်းစားဖို့ အရေးကြီးတယ်။ အမေရိကန် နဲ့ ဗြိတိန်တို့ဟာ လက်ရှိ အချိန်မှာ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်။ အမေရိကန်ဟာ အမျိုးသားလုံခြုံရေးနဲ့ပတ်သက်ပြီး သိသာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်" လို့ ပြောပါတယ်။
ဗြိတိန်စစ်တပ်ရဲ့အရွယ်စားဟာ လက်ရှိအချိန်မှာ သေးငယ်နေဆဲဖြစ်ကြောင်း အမေရိကန်ရေတပ်ဗိုလ်ချုပ်က ပြောပါတယ်။ ဗြိတိန်စစ်တပ်မှာ အမြဲတမ်းပုံမှန်တပ်ဖွဲ့ဝင်အရေအတွက် ၇၄ဝဝဝ ကျော်သာရှိနေပြီး နေတိုးအဖွဲ့ရဲ့အကြီးမားဆုံးစစ်ရေးလေ့ကျင့်ခန်းမှာ ပါဝင်သူအရေအတွက်က ၂ဝဝဝဝ ကျော်သာရှိနေကြောင်း သိရပါတယ်။
နေတိုးအုပ်စုဟာ ဆွီဒင် အပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၃၁ နိုင်ငံ ပူးပေါင်းပါဝင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို လုပ်ဆောင်နေပြီးအဖွဲ့ဝင်နိုင်ငံပေါင်း ၃၁ နိုင်ငံရဲ့တပ်ဖွဲ့ဝင်အရေအတွက် ၉ဝဝဝဝ ကျော် ပူးပေါင်းပါဝင် လေ့ကျင့်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုင်းနှင့်ပြည်နယ်(၁၃)ခုရှိ မြန်မာ့စီးပွားရေးဘဏ်တွင် တာဝန်ထမ်းဆောင်ရန် ရာထူးနေရာ (၃၀၀)နီးပါး ခေါ်ယူနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ