တိုင်းနှင့်ပြည်နယ်(၁၃)ခုရှိ မြန်မာ့စီးပွားရေးဘဏ်တွင် တာဝန်ထမ်းဆောင်ရန် ရာထူးနေရာ (၃၀၀)နီးပါး ခေါ်ယူနေ
စော (NSS) - ဇန်နဝါရီ ၂၆
နေပြည်တော် အပါအဝင် တိုင်း နှင့် ပြည်နယ် (၁၃)ခုရှိ မြန်မာ့စီးပွားရေးဘဏ်တွင် တာဝန်ထမ်းဆောင်ရန် ရာထူးနေရာ (၃၀၀)နီးပါး ခေါ်ယူနေကြောင်း သိရသည်။
စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်မှ ယနေ့ (ဇန်နဝါရီလ ၂၆ ရက်)တွင် အထက်ပါကဲ့သို့ကြေညာထားခြင်းဖြစ်သည်။
မြန်မာ့စီးပွားရေးဘဏ်မှ အငယ်တန်းစာရေး/ငွေကိုင် (၄) ရာထူးနေရာ (၂၉၂)နေရာ ခန့်အပ်သွားမည်ဖြစ်ပြီး စီးပွားရေးဘွဲ့၊ ဥပဒေဘွဲ့၊ ကွန်ပျူတာဘွဲ့ နှင့် အင်္ဂလိပ်စာဘွဲ့ရရှိသူများကို ဦးစားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရာထူးနေရာများအတွက် နေပြည်တော်တွင် (၂၉)နေရာ၊ ကချင်ပြည်နယ်တွင် (၁၅)နေရာ၊ ကရင်ပြည်နယ်တွင် (၁၀)နေရာ၊ ချင်းပြည်နယ်တွင် (၁၈)နေရာ၊ စစ်ကိုင်းတိုင်းတွင် (၃၃)နေရာ နှင့် တနင်္သာရီတိုင်းတွင် (၁၃)နေရာ ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်းတွင် (၂၃)နေရာ၊ မကွေးတိုင်းတွင် (၁၀)နေရာ၊ မန္တလေးတိုင်းတွင် (၂၄)နေရာ၊ မွန်ပြည်နယ်တွင် (၈)နေရာ၊ ရန်ကုန်တိုင်းတွင် (၆၄)နေရာ၊ ရှမ်းပြည်နယ်တွင် (၄၄)နေရာ နှင့် ဧရာဝတီတိုင်းတွင် (၁)နေရာ ခန့်အပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
လျှောက်လွှာများကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်ရုံးများတွင် ရယူနိုင်ပြီး ဖေဖော်ဝါရီလ ၂ ရက်နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများကို သက်ဆိုင်ရာဌာနများတွင် မတ်လ ၂ ရက်မှ ၃ ရက်အထိ အင်္ဂလိပ်စာ(ရေးဖြေ) ၊ ကွန်ပျူတာကျွမ်း ကျင်မှု (လက်တွေ့) နှင့် အထွေအထွေဗဟုသုတ(လူတွေ့)တို့ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ (၂၉)ရက်မှ မတ်လ (၁)ရက်နေ့များတွင် မိမိတို့လျှောက်ထားခဲ့သည့် စာစစ်ဌာနများ၌ ထုတ်ပေးသွားမည်ဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင် မှတ်ပုံတင်ကတ်ပြားမူရင်းနှင့်အတူ ရုံးချိန်အတွင်း ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီဆိုင်မြို့ကို PDF များကျူးကျော်လာ၍ တိုက်ပွဲစခဲ့ခြင်းဖြစ်ပြီး NCA ကို လက်မလွှတ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ