Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကာလဝမ်းရောဂါပိုးရှိသူ (၅)ဦးခန့်ရှိခဲ့၍ လမ်းဘေးစားသောက်ဆိုင်များကို ယာယီပိတ်ထားခြင်းများ ဆောင်ရွက်နေဟု ဆို

စော (NSS) - ဇူလိုင် ၇

ယခုရက်ပိုင်းအတွင်း ကာလဝမ်းရောဂါပိုးတွေ့ရှိသူ (၅)ဦးခန့်ရှိခဲ့၍ လမ်းဘေးစားသောက်ဆိုင်များကို ယာယီပိတ်ထားခြင်း၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။


ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့(ဇူလိုင်လ ၆ ရက်)၊ ညပိုင်းက မီဒီယာများကို အထက်ပါကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက် သဲကွင်းကျူးကျော်ရပ်ကွက်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသည်ကို သတင်းရရှိခဲ့သဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ရာ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာဖြစ်ပွားသူ ၁၂ ဦးရှိခဲ့ပြီး ဆေးရုံတက်ရောက်ကုသသူ ၉ ဦး ရှိခဲ့ကြောင်း သိရသည်။


“အဲဒီ ၉ ဦးရဲ့ဝမ်းနမူနာတွေကိုစစ်ဆေးခဲ့ပါတယ်။ စစ်ဆေးခဲ့အခါမှာတစ်ဦးက ကာလဝမ်းရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ အဖြေထွက်ခဲ့ပါတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆေးရုံအသီးသီးမှာတက်ရောက်နေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာပြတဲ့လူနာတွေကို ကာလဝမ်းရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ထိတွေ့ရှိရတာကတော့ ဝိတိုရိယဆေးရုံမှာတစ်ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၄ ဦး စုစုပေါင်း ၅ ဦး တွေ့ရှိတယ်ဆိုတဲ့ အဖြေထွက်ရှိခဲ့ပါတယ်။ ကျန်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာပြတဲ့သူတွေကတော့ ကာလဝမ်းရောဂါပိုး မတွေ့ရှိခဲ့ပါဘူး”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အဆိုပါသဲကွင်းကျူးကျော်ရပ်ကွက်ကို တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းရပ်ကွက်၌ အိမ်ခြေ (၁၆၆)လုံးတွင် လူဦးရေ (၆၄၆)ဦးနေထိုင်ပြီး အများဆုံးအိမ်သာ (၁၂)ခန်းသာရှိသည်ကို တွေ့ရှိခဲ့သောကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားစေသော အကြောင်းအရင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။ ထို့ကြောင့် ရောဂါဖြစ်ပွားမှုကို စောစီးစွာသိရှိပြီး စောစောစီးစီးကုသပေးနိုင်ရန်အတွက်  လမ်းဘေးစားသောက်ဆိုင်များကို ယာယီပိတ်ထားခြင်း၊ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ခုနကျွန်တော်ပြောတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက်သူထဲမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူမရှိပါဘူး။ အဲဒီထဲကမှာ တစ်ဦးကတော့ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့်မဟုတ်ဘဲနဲ့ နဂိုကတည်းကတိုင်း ခုခံအားကျဆင်းမှု ကူးစက်ရောဂါအခံရှိလို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါရပ်ကွက်များကို သွားရောက်စစ်ဆေးပြီးနောက် ယာယီဆေးခန်းဖွင့်လှစ်၍ လူနာသစ်များ လာရောက်ပြသမှု အခြေအနေများကို လက်ခံခြင်း၊ တိုင်းဒေသကြီးရှိ တာဝန်ရှိအဖွဲ့အစည်းများ၊ ဒေသခံကျန်းမာရေးဝန်ထမ်းများ နှင့် လူမှုအဖွဲ့အစည်းများ၊ Volunteer များက ရပ်ကွက်အတွင်း သန့်ရှင်းသော ရေရှိရေးအတွက် ကလိုရင်းဆေးခတ်ခြင်း၊ ပတ်ဝန်းကျင်သန်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ရေသန့်ဖြန့်ဝေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်နိုင်ရေးအတွက် ယင်နားစာ စသည့် မသန့်ရှင်းသည့် အစားအစာများကိုမစားသုံးရန် နှင့် FDA အသိအမှတ်ပြုသောက်ရေသန့် (သို့မဟုတ်) ရေသန့်စင်ဆေးပြားအသုံးပြု၍ သန့်စင်ထားသည့်ရေ (သို့မဟုတ်) ဆူပွက်အောင်ကျိုချက်ထားသည့်ရေကို သောက်သုံးရန် အသိပေးထုတ်ပြန်ထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

UK Official Singles Chart မှာ ဂျီမင် နဲ့ လီဆာတို့ရဲ့ တစ်ကိုယ်တော်သီချင်းသစ်များ နေရာယူလာ

RELATED POSTS
RECENT POSTS
မြန်မာ့ကားမူဝါဒနှင့် ဈေးကွက်အခြေအနေများ (အင်တာဗျူး)
07 Sep 2024
စက်မက်ကင်းတဲ့ နိုင်ငံ (သို့မဟုတ်) ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ကုန်းတွင်းပိတ်နိုင်ငံ “ဘူတန်”
07 Sep 2024
မြို့ ပြနေလူထုအကြား အချင်းချင်း ယုံကြည်မှုကျဆင်းနေကာ စိုးရိမ်စိတ်များ မြင့်တက်နေ
07 Sep 2024
သက်တမ်း (၃၂၈) နှစ်ရှိတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကော့ညက်ပုလင်း
07 Sep 2024
မြန်မာနိုင်ငံရှိ ကုန်းနေ၊ ရေနေလိပ်များသည် (၇၀)ရာခိုင်နှုန်းခန့် ရှားပါးနေသဖြင့် ထိန်းသိမ်းရန် လိုအပ်နေကြောင်း အကြံပြု
07 Sep 2024
အသက်(၁၁၂)နှစ်ပြည့်မွေးနေ့ကိုကျင်းပခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား
07 Sep 2024
မြန်မာ့ပထမဆုံး ဖွဲနုဆီစက်ရုံမှ ဆီများ လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်မည်
07 Sep 2024
တက်တူးအများဆုံးနဲ့ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံးဂင်းနစ်စံချိန်နှစ်ခုကိုရရှိခဲ့တဲ့ အမေရိကန်အမျိုးသမီး
07 Sep 2024
ရှမ်းမြောက်(အရှေ့မြောက် ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက်နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း - ၃)
07 Sep 2024
ထိုင်းအစိုးရက မြန်မာဘာသာစကားဖြင့် သင်ကြားနေသည့် ပညာရေးစင်တာ (၆)ခုကို ပိတ်သိမ်း
07 Sep 2024
ကားဈေးကွက်အတွင်း သိန်း(၄ဝဝ)(၅ဝဝ)ဝန်းကျင်ကားများ ဝယ်ယူရခက်ခဲလာ
07 Sep 2024
ကျိုက်ထိုမြို့တွင် တွေ့ရှိခဲ့သည့် မျောက်ကျောက်သံသယလူနာမှာ ဓာတ်ခွဲအဖြေအရ မျောက်ကျောက်ရောဂါ မတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
07 Sep 2024
မျှစ်ခြောက်ကို နိုင်ငံတကာနည်းပညာများဖြင့် ထုတ်လုပ်၍ တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရန် စီစဉ်နေ
07 Sep 2024
လှိုင်းဘွဲ့တွင် အသက်(၁၂)နှစ်အရွယ် ဆွံ့အ၊ ဉာဏ်ရည်မမီသော အမျိုးသမီးငယ်တစ်ဦး တူးမြောင်းအတွင်း ပြုတ်ကျ သေဆုံးမှု ဖြစ်ပွား
06 Sep 2024
ကမ္ဘောဒီးယားဝန်ကြီးချုပ် "ဟွန်မာနက်" အကြောင်း တစေ့တစောင်း
06 Sep 2024
နိုင်ငံရေးပြဿနာများဖြေရှင်းရာတွင် လူငယ်များ၏ပညာရေးအနာဂတ်ကို မထိခိုက်စေသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်လိုပြီး ပညာရေးမူဝါဒများကို တတ်နိုင်သမျှ ဖြေလျှော့ပေးသင့်ကြောင်း အကြံပြု
06 Sep 2024
သူတို့နိုင်သွားရင် ထီးချိုင့်ကို KIA ကပဲ အုပ်ချုပ်လိမ့်မယ် (အင်တာဗျူး)
06 Sep 2024
နှစ်ပေါင်း (၁၅၀ဝ)နီးပါးကြာ လည်ပတ်နေဆဲ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ
06 Sep 2024
ဘဝများ ခြေမွခံလိုက်ရသည့် စစ်ဘေးရှောင်တို့မှာ ကြောက်စိတ်ဖြင့် ပြေးစရာမြေမရှိဖြစ်နေ
06 Sep 2024
အရှေ့ဒဂုံမြို့နယ်တွင် ရပ်ထားသည့် ကွန်တိန်နာကားကို အိမ်စီးကားက နောက်မှဝင်တိုက်မိရာ ယာဉ်မောင်းပွဲချင်းပြီးသေဆုံး
06 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved