တရုတ်မင်းသမီး ဖန်ဘင်းဘင်းကို မလေးရှားနိုင်ငံ၊ မလက္ကာပြည်နယ်ရဲ့ခရီးသွားသံတမန်အဖြစ် ခန့်အပ်
ရောင်နီ (NSS) - မေ ၂၉
တရုတ်နာမည်ကျော်မင်းသမီး ဖန်ဘင်းဘင်းဟာ မလေးရှားနိုင်ငံ၊ မလက္ကာပြည်နယ်ရဲ့ခရီးသွားသံတမန် ဖြစ်လာမယ်လို့ ၀န်ကြီးချုပ် အာရုဖ်ရူဆော့က ပြောကြားခဲ့ပါတယ်။
ဒီအကြောင်းကို မစ္စတာအာ့ရုဖ်က တနင်္လာနေ့ (မေလ ၂၇ ရက်)မှာ Instagram ပို့စ်တစ်ခုနဲ့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အသက် ၄၂ နှစ်အရွယ် ဖန်ဘင်းဘင်းဟာ ဇွန်လ ၁၄ ရက်မှ ၁၆ ရက်အထိ မလက္ကာမြို့ကို လာရောက်လည်ပတ်မှာဖြစ်ပြီး ဇွန်လ ၁၅ ရက်မှာ သူမကို မလကာရဲ့ခရီးသွားသံတမန်အဖြစ် တရားဝင်ခန့်အပ်မှာဖြစ်တယ်လို့ မစ္စတာအာရုဖ်က ပြောကြားခဲ့ပါတယ်။ "ဖန်ဘင်းဘင်းရဲ့တည်ရှိမှုက အထူးသဖြင့် တရုတ်နဲ့အာရှက ခရီးသွားတွေကို မလက္ကာကို အလည်အပတ်လာရောက်ဖို့ ဆွဲဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်" လို့ ၎င်းက မှတ်ချက်ပြုပါတယ်။
ဖန်ဘင်းဘင်းဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကလည်း မလေးရှားနိုင်ငံ ဂျိုဟာပြည်နယ်မှာ ဆူလ်တန်အိုင်ဘရင်ဟင်ဆူတန်အစ်ကန်ဒါနဲ့တွေ့ဆုံခဲ့ပါသေးတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Shein ဖက်ရှင်ကုမ္ပဏီရဲ့ ကလေးအသုံးအဆောင်ထုတ်ကုန်တွေမှာ ဓာတုပစ္စည်းတွေမြင့်မားစွာပါဝင်နေတယ်လို့ တောင်ကိုရီးယားပြော
RELATED POSTS
04 Sep 2024 | အနုပညာ,နိုင်ငံတကာ
31 Aug 2024 | အနုပညာ,ပြည်တွင်း
29 Aug 2024 | အနုပညာ,နိုင်ငံတကာ
29 Aug 2024 | အနုပညာ,နိုင်ငံတကာ