Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကျောင်းအပ်လက်ခံပြီဖြစ်သော်လည်း တိုက်ပွဲများကြောင့် မဖွင့်လှစ်နိုင်သော ကျောင်းအများအပြားရှိနေသကဲ့သို့ ခြိမ်းခြောက်ခံဆရာမအချို့လည်း စာမသင်နိုင်ဖြစ်နေ

မြူနစ် ၊ Pearl (NSS) - မေ ၂၈

      ၂ဝ၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံနေပြီဖြစ်သော်လည်း တိုက်ပွဲများကြောင့် မဖွင့်လှစ်နိုင်သော အခြေခံပညာကျောင်းမှာ အများအပြားရှိနေကြောင်း စုံစမ်းသိရှိရသည်။


ယခုပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံမှုကို မေ ၂၃ ရက်မှစ၍ ဇွန် ၂ ရက်အထိ လက်ခံဆောင်ရွက်ပေးနေလျက်ရှိပြီး အခြေခံပညာကျောင်းများကို ဇွန် ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။ အခြေခံပညာကျောင်းအပ်စတင်လက်ခံသည့် ပထမဆုံးနေ့(မေ ၂၃ ရက်)တွင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ အစိုးရအခြေခံပညာကျောင်းများ၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ၌ လာရောက်ကျောင်း အပ်နှံသော ကျောင်းသား/သူဦးရေမှာ (၁၇၉၂၈ဝ၈) ဦးရှိခဲ့ကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးအပါအဝင် နယ်မြေဒေသတည်ငြိမ်ချမ်းသည့်ဒေသများရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားများနှင့် ၎င်းတို့၏မိဘများက တည်ငြိမ်အေးချမ်းစွာဖြင့် လာရောက်ကျောင်းအပ်နှံခဲ့ကြသည်ကို မေ ၂၃ ရက်က မြင်တွေ့ခဲ့ရသည်။

သို့သော် အခြားတစ်ဖက်တွင်လည်း လက်နက်ကိုင်ပဋိပက္ခနှင့်အတူ တိုက်ပွဲများကြောင့် အခြေခံ ပညာကျောင်းများ မဖွင့်လှစ်နိုင်သော ဒေသအများ အပြားရှိနေသည်ကိုလည်း တွေ့မြင်နေရသည်။ ယခင် ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရ သော ရခိုင်ပြည်နယ်တွင် အခြေခံပညာကျောင်းများ၌ လာရောက်ကျောင်းအပ်နှံသော ကျောင်းသား/ သူဦး ရေ (၅၇ဝဝဝဝ) ဝန်းကျင်အထိ ရှိခဲ့သည်။ ၂ဝ၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ၁၀၂၇ စစ်ဆင်ရေး အမည်ဖြင့် မဟာမိတ်(၃)ဖွဲ့ဖြစ်သောMNDAA ၊TNLA  ၊ AA  တို့က ဖော်ဆောင်ခဲ့သည့် တိုက်ပွဲများ သည် ရခိုင်ပြည်နယ်သို့ နိုဝင်ဘာ ၁၃ ရက်တွင် ထပ်မံကူးစက်လာခဲ့သည်။

ထို့ကြောင့် ရခိုင်ပြည်နယ်တွင် AA မဟာမိတ်အဖွဲ့က တစ်ကျော့ပြန်ဖော်ဆောင်လာသည့်တိုက်ပွဲများကြောင့် မြို့ရွာအများအပြား ပျက်စီးခဲ့ရသကဲ့သို့ ဒေသခံပြည်လူထူများစွာမှာလည်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ရသည်။ ယခု ၂ဝ၂၄-၂၀၂၅ ပညာသင်နှစ်တွင် ရခိုင် ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း (၇)မြို့နယ်တွင်သာ ကျောင်းအပ်လက်ခံမှုများကို ဆောင်ရွက်နိုင်ကြောင်း ရခိုင်ပြည်နယ်ရှိ အခြေခံပညာဦးစီးဌာနမှ အရာရှိ တစ်ဦးက NP News ကို ပြောသည်။ “ဒီနှစ်ပညာသင်နှစ်မှာ ရခိုင်ပြည်နယ်မှာ ကျောင်းဖွင့်လှစ်နိုင်မှုအခြေအနေက စစ်တွေရယ်၊ ကျောက်ဖြူရယ်၊ တောင်ကုတ်ရယ်၊ မာန်အောင်ရယ်၊ အမ်း၊ သံတွဲ၊ ဂွရယ်ပေါ့၊ မြို့နယ် (၇)ခု ။ အဲဒီမြို့နယ် တွေမှာက အစိုးရအုပ်ချုပ်ရေး ယန္တရားက အဲဒီမြို့ နယ်တွေပဲ ရှိတယ်လေ။  လောလော ဆယ် ဟို (၁၀)မြို့နယ်မှာ မရှိတဲ့အခါ ကျောင်းဖွင့်နိုင်ဖို့ မဆောင် ရွက်တာ ဖြစ်ပါတယ်။ (၇)မြို့ နယ်မှာ ကျောင်းပေါင်း  (၁၂၂၄) ကျောင်း၊ ပုဂ္ဂလိက ကျောင်းပေါင်း  (၂၃)ကျောင်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂၁)ကျောင်း ဖွင့်ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်” ဟု အထက်ပါအရာရှိက ပြောသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ်ပေါင်း (၁၇)ခုရှိပြီး ၎င်းမြို့နယ်များအနက် (၇)မြို့နယ်တွင်သာ အခြေခံ ပညာကျောင်းများကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကာ ကျောင်းအပ်စတင်လက်ခံသည့် မေ ၂၃ ရက်တွင် လာရောက်ကျောင်းအပ်နှံသောဦးရေမှာ (၁၅ဝဝဝ)ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။ “မနှစ်ကဆို မိုခါမုန်တိုင်းကြောင့် တော်တော် လေးကို ထိခိုက်ပျက်စီးခဲ့တယ်။ ဒါပေမဲ့လည်း အစိုးရရဲ့ကြီးကြပ်မှုနဲ့ ဆရာ၊ ဆရာမတွေနဲ့ ပြည်သူ လူထုရဲ့ ပူးပေါင်းမှုကြောင့် မနှစ်က ဇွန်လ ၁ ရက်နေ့ မှာ  သူများပြည်နယ်တွေလို ကျွန်တော်တို့ဆီမှာ ကျောင်း ဖွင့်လှစ်သင်ကြားနိုင်ခဲ့တယ်။ ဩဂုတ်လမှာဆိုရင်  ကျောင်းဝင်နှုန်းက အရမ်းများပြီးတော့ ၅သိန်း ၇သောင်းအထိ ကျောင်းဝင်ခဲ့တာရှိတယ်။ အခုနှစ်ကတော့ ကျောင်းမဖွင့်နိုင်တဲ့ မြို့နယ်တွေရှိနေတော့ တော်တော်လျော့သွားနိုင်တယ်” ဟု ရခိုင်ပြည်နယ်ရှိ အခြေခံပညာဦးစီးဌာနမှ အရာရှိက ဆိုသည်။ 

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ကလေး ငယ်များသည် တည်ငြိမ်အေးချမ်းသည့် အခြားသော မြို့၊ ရွာများတွင် စစ်ဘေးရှောင် နေစဉ် ကျောင်းအပ်နှံရေးဆောင်ရွက်ရာ၌ ကျောင်းပြောင်းလက်မှတ်မရှိ သည့်အခက်အခဲများ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။ “လုံခြုံရေးအရတော့  စားဝတ်နေရေး သွားလာ ရေး အတွက်ကို အကုန်လုံး အခက်အခဲဖြစ်နေတော့ ပညာရေးလည်း ထိခိုက်တာပေါ့။ ပညာသင်နှစ်တစ်နှစ် နောက်ကျသွားရင် ကလေးတွေ အသက်တွေကြီး သွားတာပေါ့။ စာနဲ့ ဝေးသွားနိုင်တယ်။ ကျောင်းထွက်သွားနိုင်တယ်။ ကျောင်းပြင်ပကို ရောက်သွားတဲ့အခါ လေလွင့်တာ ဘာညာ ဖြစ်သွားတဲ့အခါ မိဘတွေ အနေနဲ့လည်း ဆုံးရှုံးမှုတွေ ဖြစ်သလို နိုင်ငံတော် အနေနဲ့လည်း အနာဂတ်လူငယ်လေးတွေ တစ်နှစ်ပြီး တစ်နှစ် ၊ တစ်တန်းပြီးတစ်တန်း အောင်မြင်ပြီးတော့မှ တိုးတက်မှု၊ ကြိုးစားမှုမရှိတဲ့အတွက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ အားနည်းချက်တွေ ရှိသွား မှာပေါ့” ဟု အထက်ပါအရာရှိက ဆက်လက်ပြောသည်။

အလားတူ ကယားပြည်နယ်အတွင်း၌ KNDF နှင့် PDF ပူးပေါင်းအဖွဲ့များ ဖော်ဆောင်နေသည့် တိုက်ပွဲများကြောင့်နယ်မြေ တည်ငြိမ်အေးချမ်းမှုမရှိ သည့်အတွက် ပြီးခဲ့သော ပညာသင်နှစ် အခြေခံပညာကျောင်းများကို အပြည့်အဝဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။ ယခုပညာသင်နှစ်တွင်လည်း ကယားပြည်နယ် အတွင်း၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင် ကြားနိုင်မှုမှာ ဆက်လက် နည်းပါးနိုင်ကြောင်း ကယား ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူက NP News ကို သုံးသပ်ပြောဆိုထားသည်။ ထို့ပြင် ပြီးခဲ့သော ၂ဝ၂၃-၂၀၂၄ ပညာသင် နှစ်တွင် စစ်ကိုင်းတိုင်းအတွင်း၌ မဖွင့်လှစ်နိုင်ခဲ့သော အစိုးရ၏ အခြေခံပညာ အထက်တန်းကျောင်းပေါင်းမှာ (၄ဝ၇၇)ကျောင်းရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက မီဒီယာများကို ထုတ်ဖော်ပြောဆိုထားဖူးသည်။ လက်ရှိတွင်လည်း စစ်ကိုင်းတိုင်းအတွင်း၌ နယ်မြေမငြိမ်သက်မှုများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် အခြေခံပညာကျောင်းများမှာ ရာခိုင်နှုန်းပြည့် ဖွင့်လှစ်နိုင်ဖွယ်မရှိပေ။

ပြီးခဲ့သော ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ၏ ၂၃ ရာခိုင်နှုန်းကျော်မှာ ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုထားသည်။ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ၌ လာရောက်ကျောင်းအပ် နှံခဲ့သော ကျောင်းသား/သူ ဦးရေမှာ ၆ ဒသမ ၄ သန်းကျော်ရှိခဲ့ပြီး စစ်ပွဲအပါအဝင် အကြောင်းအမျိုး မျိုးကြောင့် ကျောင်းတက်ရောက်ရန် ပျက်ကွက်ခဲ့ရ သည့်ဦးရေမှာ (၁၃)သိန်းကျော်ရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီး နောက်ပိုင်းတွင် NUG နှင့်အတူ PDF လက်နက် ကိုင်အဖွဲ့များ ပေါ်ပေါက်လာခဲ့ပြီး အဆိုပါ အဖွဲ့ များသည် အခြေခံပညာကျောင်းများကို ဖျက်ဆီးခြင်း၊ ဆရာ/ ဆရာမများကို ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြသည်။

ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင်လည်း မန္တလေးတိုင်း တံတားဦးမြို့နယ်ရှိ တပယ်အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ) မှ ကျောင်းဆရာမ ဒေါ်မီမီထွန်း(၄၁)ကို PDF အဖွဲ့ဝင် နှစ်ဦးက ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် လက်ပြန်ကြိုးတုပ်ကာ လုပ်ကြံသတ်ဖြတ်ခဲ့သော ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော လက်ရှိ နစကအစိုးရလက်ထက်တွင် ဆရာ/ဆရာမ များအပါအဝင် ပညာရေးဝန်ထမ်း (၁ဝဝ)ဝန်းကျင်ကို အကြမ်းဖက်သမားများကလုပ်ကြံသတ်ဖြတ်ထားပြီး စာသင်ကျောင်းနှင့် ပညာရေးဆိုင်ရာ အဆောက်အအုံ ပေါင်း (၇၇၃)ကျော်သည်လည်း မီးရှို့ဖျက်ဆီးခြင်း ခံထားရသည်။ PDF အဖွဲ့များ၏ ခြိမ်းခြောက်ခြင်းကို ခံနေရသော ကျောင်းဆရာမတစ်ဦးက “အစ်မလည်း ပုံမှန်နှစ်တွေက ဒီအချိန်ဆို ခေါင်းတောင်မဖော်ရဘူး ကျောင်းအပ်လက်ခံရတာ။ အခုတော့  ကျောင်းကို ဘယ်တော့ ပြန်တက်ရမလဲ မသိသေးဘူး။  ကျောင်းလည်း ပြန်တက်ချင်နေပြီ။ ပြောသင့်တာလေး တွေကို တော့ လူကြီးတွေကို ပြောထားတယ်။ အိမ်က လာပို့တာစားပြီး ဒီမှာ လာရှောင်နေတာ (၈) လ ဖြစ်သွားပြီ။ လုံလုံခြုံခြုံနေရာလည်း ဖြစ်မယ်၊ အဝေးက ဆရာ/ ဆရာမတွေအတွက် အဆောင် လည်းရှိတဲ့ ကျောင်းမျိုးမှာ ကျောင်းပြန်တက်ချင် နေပြီ”ဟု NSS ကို ဖွင့်ဟပြောကြားသည်။    


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြောက်ကိုရီးယား၏ စစ်ဘက်သုံးဂြိုလ်တု လွှတ်တင်ပြီးနောက် လေထဲ၌ပင်ပေါက်ကွဲ

RELATED POSTS
RECENT POSTS
မြန်မာ့ကားမူဝါဒနှင့် ဈေးကွက်အခြေအနေများ (အင်တာဗျူး)
07 Sep 2024
စက်မက်ကင်းတဲ့ နိုင်ငံ (သို့မဟုတ်) ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ကုန်းတွင်းပိတ်နိုင်ငံ “ဘူတန်”
07 Sep 2024
မြို့ ပြနေလူထုအကြား အချင်းချင်း ယုံကြည်မှုကျဆင်းနေကာ စိုးရိမ်စိတ်များ မြင့်တက်နေ
07 Sep 2024
သက်တမ်း (၃၂၈) နှစ်ရှိတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကော့ညက်ပုလင်း
07 Sep 2024
မြန်မာနိုင်ငံရှိ ကုန်းနေ၊ ရေနေလိပ်များသည် (၇၀)ရာခိုင်နှုန်းခန့် ရှားပါးနေသဖြင့် ထိန်းသိမ်းရန် လိုအပ်နေကြောင်း အကြံပြု
07 Sep 2024
အသက်(၁၁၂)နှစ်ပြည့်မွေးနေ့ကိုကျင်းပခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား
07 Sep 2024
မြန်မာ့ပထမဆုံး ဖွဲနုဆီစက်ရုံမှ ဆီများ လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်မည်
07 Sep 2024
တက်တူးအများဆုံးနဲ့ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံးဂင်းနစ်စံချိန်နှစ်ခုကိုရရှိခဲ့တဲ့ အမေရိကန်အမျိုးသမီး
07 Sep 2024
ရှမ်းမြောက်(အရှေ့မြောက် ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက်နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း - ၃)
07 Sep 2024
ထိုင်းအစိုးရက မြန်မာဘာသာစကားဖြင့် သင်ကြားနေသည့် ပညာရေးစင်တာ (၆)ခုကို ပိတ်သိမ်း
07 Sep 2024
ကားဈေးကွက်အတွင်း သိန်း(၄ဝဝ)(၅ဝဝ)ဝန်းကျင်ကားများ ဝယ်ယူရခက်ခဲလာ
07 Sep 2024
ကျိုက်ထိုမြို့တွင် တွေ့ရှိခဲ့သည့် မျောက်ကျောက်သံသယလူနာမှာ ဓာတ်ခွဲအဖြေအရ မျောက်ကျောက်ရောဂါ မတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
07 Sep 2024
မျှစ်ခြောက်ကို နိုင်ငံတကာနည်းပညာများဖြင့် ထုတ်လုပ်၍ တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရန် စီစဉ်နေ
07 Sep 2024
လှိုင်းဘွဲ့တွင် အသက်(၁၂)နှစ်အရွယ် ဆွံ့အ၊ ဉာဏ်ရည်မမီသော အမျိုးသမီးငယ်တစ်ဦး တူးမြောင်းအတွင်း ပြုတ်ကျ သေဆုံးမှု ဖြစ်ပွား
06 Sep 2024
ကမ္ဘောဒီးယားဝန်ကြီးချုပ် "ဟွန်မာနက်" အကြောင်း တစေ့တစောင်း
06 Sep 2024
နိုင်ငံရေးပြဿနာများဖြေရှင်းရာတွင် လူငယ်များ၏ပညာရေးအနာဂတ်ကို မထိခိုက်စေသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်လိုပြီး ပညာရေးမူဝါဒများကို တတ်နိုင်သမျှ ဖြေလျှော့ပေးသင့်ကြောင်း အကြံပြု
06 Sep 2024
သူတို့နိုင်သွားရင် ထီးချိုင့်ကို KIA ကပဲ အုပ်ချုပ်လိမ့်မယ် (အင်တာဗျူး)
06 Sep 2024
နှစ်ပေါင်း (၁၅၀ဝ)နီးပါးကြာ လည်ပတ်နေဆဲ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ
06 Sep 2024
ဘဝများ ခြေမွခံလိုက်ရသည့် စစ်ဘေးရှောင်တို့မှာ ကြောက်စိတ်ဖြင့် ပြေးစရာမြေမရှိဖြစ်နေ
06 Sep 2024
အရှေ့ဒဂုံမြို့နယ်တွင် ရပ်ထားသည့် ကွန်တိန်နာကားကို အိမ်စီးကားက နောက်မှဝင်တိုက်မိရာ ယာဉ်မောင်းပွဲချင်းပြီးသေဆုံး
06 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved