Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နှစ်အတန်ကြာ ပျောက်ကွယ်နေခဲ့သော မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ ကောင်းမွန်သောစုဖွဲ့မှုကို ဆီးရီးယားနှင့်ပွဲစဉ်တွင် ပြန်လည်မြင်တွေ့ရ

သန့်ဇင် (NSS) - မတ် ၂၂ 

နှစ်အတန်အကြာ မမြင်တွေ့ခဲ့ရသော မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ ကောင်းမွန်သောစုဖွဲ့မှုကို ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်အဖြစ်သည့် ဆီးရီးယားနှင့် ပွဲစဉ်တွင် ပြန်လည်တွေ့ရကြောင်း အားကစား ကလောင်ရှင်တစ်ဦးက NP News သို့ သုံးသပ်ပြောကြားသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် ဆီးရီးယားလက်ရွေးစင်ဘောလုံးအသင်းတို့သည် မတ်လ ၂၁ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ အဆိုပါပွဲစဉ်တွင် FIFAအဆင့် ၈၉ အဆင့်ရှိ ဆီးရီးယား အသင်းကို FIFAအဆင့် ၁၆၂ အဆင့်ရှိ မြန်မာအသင်းက သရေတစ်မှတ်ရစေရန် ခုခံကစားနိုင်ခဲ့ခြင်းဖြစ်ပြီး မြန်မာ အသင်း၏ ခြေစွမ်းတိုးတက်လာခြင်းကို ပရိသတ်များ သဘောတွေ့ခဲ့ကြသည်။


အဆိုပါပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် ပထမပိုင်းတွင် အောင်သူ၊ မောင်မောင်လွင်၊ လွင်မိုးအောင်တို့၏ကောင်းမွန်သောခြေစွမ်းများကို တွေ့ရှိခဲ့ရပြီး အသင်း၏ကောင်းမွန်သော စုဖွဲ့မှုများမှတစ်ဆင့် စိုးမိုးကျော်က ဦးဆောင်ဂိုးသွင်းယူပေးခဲ့သည်။

“ဒီလိုစုဖွဲ့မှုက ၂၀၁၉ နောက်ပိုင်းမန္တလေးမှာ ကာဂျစ္စတန်ကို နိုင်ခဲ့တဲ့ပွဲနောက်ပိုင်းတည်းက မတွေ့ရတာ။ အခုမှ  ပြန်တွေ့ရတာပေါ့။ အဲဒီတုန်းကလည်း ကာဂျစ္စတန်ကို အဝေးကွင်းမှာ ရှုံးထားတယ်ဆို အိမ်ကွင်းမှာ အောင်သူတို့ ကျော်ကိုကိုတို့ သွင်းဂိုးတွေနဲ့ ပြန်နိုင်တယ်။ ၂ ဂိုး-၁ ဂိုး ရလဒ်နဲ့ပြန်နိုင်တယ်။ အဲဒီကတည်းက (ဒီလိုကောင်းမွန်တဲ့ စုဖွဲ့မှုမျိုးကို) မတွေ့ရတာကနေ အခုမှတစ်ကျော့ပြန်တွေ့ရတာ ပေါ့နော်” ဟု အထက်ပါ အားကစား ကလောင်ရှင် က ဆိုသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် ဂျပန်အသင်း၊ မြောက်ကိုယားအသင်းတို့နှင့် ကစားခဲ့သည့် ပွဲစဉ်များ တွင် ခံစစ်အသားပေးကစားရန် ကြိုးပမ်းခဲ့ရာ ပေးဂိုးများခွင့်ပြုပေးခဲ့ရပြီးနောက် ရလဒ်ကောင်းများ မရရှိခဲ့သော် လည်း ဆီးရီးယားနှင့်ပွဲစဉ်တွင် အကောင်းဆုံးတုံ့ပြန်ကစားသွားခဲ့သည်ကို မြင်တွေ့ခဲ့ရကြောင်း ၎င်းက ဆက်လက် ပြောသည်။


မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် မတ်လ ၂၇ ရက်တွင် ဆီးရီးယားအသင်းနှင့်ယှဉ်ပြိုင်ရန် ဆော်ဒီနိုင်ငံသို့ ကြားကွင်းအနေဖြင့် သွားရောက်ကစားရမည်ဖြစ်ပြီး ပြီးခဲ့သည့်ပွဲစဉ်က အသင်းစုဖွဲ့မှုအတိုင်း ကစားသမားများကို ပွဲထုတ် ကစားသွားဖွယ်ရှိကြောင်း သိရသည်။

“မြန်မာအတွက်တစ်ခုကောင်းတာက ဆီးရီးယားအိမ်ကွင်းမှာ သွားကစားခွင့်မရတာက ပိုကောင်းသွားတာ။ ကြားကွင်းဆိုပေမယ့်လည်း သူတို့ဘက်ကကွင်းဖြစ်တယ်ပေါ့နော်။ ပြီးတော့ ကန်ရမယ့်အချိန်က ဒီမှာဆို ည ၁ နာရီ ပေါ့။ အဲဒီအတွက် ကစားသမားတွေက အချိန်တစ်ခု ပြဿနာရှိနိုင်တယ်။ နောက်ပြီးတော့ ဆီးရီးယားကလည်း မြန်မာနဲ့ပွဲမှာ နိုင်မယ်ဆိုပြီးတော့တွေးထားတာ။ အဲဒီမှာ သူတို့ထင်ထားတဲ့ရလဒ်မဖြစ်တဲ့အတွက် အဝေးကွင်း သွားကန်ရရင် မြန်မာအသင်း ပိုခက်ခဲလိမ့်မယ်။ ဆီးရီးယားက နိုင်တော့ နိုင်လိမ့်မယ်။ ဒါပေမယ့် ဂိုးပြတ်ကြီး မဖြစ် လောက်ဖူးလို့တော့ ထင်တယ်။ အများဆုံး ၂ ဂိုး- ၁ ဂိုး လောက်တော့ဖြစ်လိမ့်မယ်” ဟု ၎င်းက ပွဲကြိုသုံးသပ် ပြောကြားသည်။

မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ပထမပိုင်းတွင် ကစားပုံကောင်းမွန်၍ ဦးဆောင်ဂိုး ရရှိခဲ့ပြီး ဒုတိယပိုင်းတွင် ကစားသမားများ ပင်ပန်းကာ ကစားအားကျဆင်းသွားမှုကြောင့် ချေပဂိုးပြန်လည်ခွင့်ပြုပေးခဲ့ရကြောင်း ဆီးရီးယား နှင့်ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် Miachel Feichtenbeinerက ထုတ်ဖော်ပြောကြားခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဗြိတိန်မှာ အကြီးဆုံးလို့ ယူဆရတဲ့ ရွှေတုံးကြီး ရှာဖွေတွေ့ရှိ

RELATED POSTS
RECENT POSTS
မြန်မာ့ကားမူဝါဒနှင့် ဈေးကွက်အခြေအနေများ (အင်တာဗျူး)
07 Sep 2024
စက်မက်ကင်းတဲ့ နိုင်ငံ (သို့မဟုတ်) ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ကုန်းတွင်းပိတ်နိုင်ငံ “ဘူတန်”
07 Sep 2024
မြို့ ပြနေလူထုအကြား အချင်းချင်း ယုံကြည်မှုကျဆင်းနေကာ စိုးရိမ်စိတ်များ မြင့်တက်နေ
07 Sep 2024
သက်တမ်း (၃၂၈) နှစ်ရှိတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကော့ညက်ပုလင်း
07 Sep 2024
မြန်မာနိုင်ငံရှိ ကုန်းနေ၊ ရေနေလိပ်များသည် (၇၀)ရာခိုင်နှုန်းခန့် ရှားပါးနေသဖြင့် ထိန်းသိမ်းရန် လိုအပ်နေကြောင်း အကြံပြု
07 Sep 2024
အသက်(၁၁၂)နှစ်ပြည့်မွေးနေ့ကိုကျင်းပခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား
07 Sep 2024
မြန်မာ့ပထမဆုံး ဖွဲနုဆီစက်ရုံမှ ဆီများ လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်မည်
07 Sep 2024
တက်တူးအများဆုံးနဲ့ ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအများဆုံးဂင်းနစ်စံချိန်နှစ်ခုကိုရရှိခဲ့တဲ့ အမေရိကန်အမျိုးသမီး
07 Sep 2024
ရှမ်းမြောက်(အရှေ့မြောက် ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက်နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း - ၃)
07 Sep 2024
ထိုင်းအစိုးရက မြန်မာဘာသာစကားဖြင့် သင်ကြားနေသည့် ပညာရေးစင်တာ (၆)ခုကို ပိတ်သိမ်း
07 Sep 2024
ကားဈေးကွက်အတွင်း သိန်း(၄ဝဝ)(၅ဝဝ)ဝန်းကျင်ကားများ ဝယ်ယူရခက်ခဲလာ
07 Sep 2024
ကျိုက်ထိုမြို့တွင် တွေ့ရှိခဲ့သည့် မျောက်ကျောက်သံသယလူနာမှာ ဓာတ်ခွဲအဖြေအရ မျောက်ကျောက်ရောဂါ မတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
07 Sep 2024
မျှစ်ခြောက်ကို နိုင်ငံတကာနည်းပညာများဖြင့် ထုတ်လုပ်၍ တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရန် စီစဉ်နေ
07 Sep 2024
လှိုင်းဘွဲ့တွင် အသက်(၁၂)နှစ်အရွယ် ဆွံ့အ၊ ဉာဏ်ရည်မမီသော အမျိုးသမီးငယ်တစ်ဦး တူးမြောင်းအတွင်း ပြုတ်ကျ သေဆုံးမှု ဖြစ်ပွား
06 Sep 2024
ကမ္ဘောဒီးယားဝန်ကြီးချုပ် "ဟွန်မာနက်" အကြောင်း တစေ့တစောင်း
06 Sep 2024
နိုင်ငံရေးပြဿနာများဖြေရှင်းရာတွင် လူငယ်များ၏ပညာရေးအနာဂတ်ကို မထိခိုက်စေသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်လိုပြီး ပညာရေးမူဝါဒများကို တတ်နိုင်သမျှ ဖြေလျှော့ပေးသင့်ကြောင်း အကြံပြု
06 Sep 2024
သူတို့နိုင်သွားရင် ထီးချိုင့်ကို KIA ကပဲ အုပ်ချုပ်လိမ့်မယ် (အင်တာဗျူး)
06 Sep 2024
နှစ်ပေါင်း (၁၅၀ဝ)နီးပါးကြာ လည်ပတ်နေဆဲ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ
06 Sep 2024
ဘဝများ ခြေမွခံလိုက်ရသည့် စစ်ဘေးရှောင်တို့မှာ ကြောက်စိတ်ဖြင့် ပြေးစရာမြေမရှိဖြစ်နေ
06 Sep 2024
အရှေ့ဒဂုံမြို့နယ်တွင် ရပ်ထားသည့် ကွန်တိန်နာကားကို အိမ်စီးကားက နောက်မှဝင်တိုက်မိရာ ယာဉ်မောင်းပွဲချင်းပြီးသေဆုံး
06 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved