ဗြိတိန်မှာ အကြီးဆုံးလို့ ယူဆရတဲ့ ရွှေတုံးကြီး ရှာဖွေတွေ့ရှိ
ရောင်နီ (NSS) - မတ် ၂၃
ရတနာမုဆိုးတစ်ဦးဟာ ဗြိတိန်မှာ တွေ့ရှိဖူးသမျှ အကြီးဆုံးလို့ ယူဆရတဲ့ ရွှေတုံးကြီး ကို တူးဖော်တွေ့ရှိခဲ့ပါတယ်။
ရစ်ချက်ဒ်ဘရော့ခ် အမည်ရှိ ရတနာမုဆိုး တစ်ဦးဟာ ၆၄.၈ ဂရမ် (၂.၃ အောင်စ) အလေးချိန်ရှိ ရွှေတုံးကို ဝဲလ် နဲ့ နယ်စပ်အနီးရှိ Shropshire Hills မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဆိုပါရွှေတုံးဟာ ဆင့် ၅၀ တန် အကြွေစေ့ လောက်ရှိပြီး Hiro's Nugget လို့ အမည်ပြောင်ပေးထားပါတယ်။
အဆိုပါရှာဖွေတွေ့ရှိမှုဟာ ခန့်မှန်းခြေအားဖြင့် စတာလင်ပေါင် ၃၀,၀၀၀ စတာလင်ပေါင် ၄၀,၀၀၀ ကြားရှိတယ်လို့ Mullock Jones လေလံအိမ်မှ ကြာသပတေးနေ့ မတ်လ ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။ အဆိုပါရွှေတုံးကြီးဟာ "ရှားပါးတဲ့ ရှာဖွေတွေ့ရှိမှု" ဖြစ်တယ်လို့ Mullock Jones မှလေလံရောင်းချသူ ဘန်ဂျုံးက ပြောကြားခဲ့ပါတယ်။
Shropshire Hills ဟာ တစ်ချိန်က သမုဒ္ဒရာအောက်မှာ ရှိခဲ့တဲ့နေရာဖြစ်တာကြောင့် အဲဒီနေရာတစ်ဝိုက် သန္တာ ကျောက်တုံးတွေကို မကြာခဏ တူးဖော်တွေ့ရှိရလေ့ ရှိပါတယ်။ အခုတွေ့ရှိရတဲ့ ရွှေတုံးကိုတော့ လေလံပွဲမှာ လေလံတင်ရောင်းချနေပြီး အဆိုပါလေလံပွဲဟာ ဧပြီလ ၁ ရက်မှာ ပြီးဆုံးမယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူမှာ Monk’s Hill ဧရိယာရှိ ဘုရားကျောင်းအတွင်း ဓာတ်ငွေ့ယိုစိမ့် ပေါက်ကွဲမှုဖြစ်ပွား
RELATED POSTS
16 Sep 2024 | အထွေထွေ,ပြည်တွင်း
14 Sep 2024 | အထွေထွေ,နိုင်ငံတကာ