ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ်(၅၄) နေအိမ်ကို ဒေါ်လာသန်း ၉ဝ နဲ့ လေလံတင် ရောင်းချမယ်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၅
မြန်မာစစ်တရားရုံးတစ်ရုံးဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို အမေရိကန်ဒေါ်လာသန်း ၉ဝ နဲ့ ရောင်းချဖို့ လေလံတင်လိုက်တယ်လို့ အဆိုပါကိစ္စနဲ့ နီးစပ်သူများက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ်က တပ်မတော်အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖမ်းဆီး ထိန်းသိမ်းခံထားရပြီး အစ်ကိုဖြစ်သူနဲ့ နေအိမ်ပိုင်ဆိုင်မှုအငြင်းပွားခဲ့ပါတယ်။ အဆိုပါအမှုနဲ့ပတ်သက်ပြီး နီးစပ်သူ တစ်ဦးက တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့အိမ်ကို မတ်လ ၂ဝ ရက်မှာ တရားရုံးက လေလံပစ်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
"ဝယ်သူရှိလာမယ်ဆိုရင်တော့ အိမ်ကို ရောင်းချသွားမှာပါ။ အဲဒီအိမ်ကို ဝယ်ယူသူ ရှိ/မရှိ ဆိုတာကို တွေ့မြင်ရမှာပါ" လို့ အဆိုပါကိစ္စနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ အဆိုပါ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်းပေါ် ရှိ အိမ်ကို အမေရိကန်သမ္မတဟောင်း အိုဘားမား နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ အပါအဝင် နာမည်ကျော် နိုင်ငံရေးခေါင်းဆောင်များ လာရောက်ခဲ့ဖူးကြောင်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့အစ်ကိုဖြစ်သူဟာ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိအိမ်ကို ၎င်းလည်း အမွေပိုင်ဆိုင်ခွင့်ရှိတယ်ဆိုကာ တောင်းဆိုတာတွေရှိခဲ့ပြီး တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ကြောင်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ နေအိမ်မှာ ၂ဝ၁၂ ခုနှစ်အထိ နေအိမ်အကျယ်ချုပ် ကျခံခဲ့ဖူးပါတယ်။ အသက် ၇၈ နှစ်အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့အစ်ကိုဖြစ်သူဟာ ၂ဝဝဝ ပြည့်နှစ်မှာ တက္ကသိုလ်ရိပ်သာလမ်းပေါရှိ အိမ်နဲ့ပတ်သက်ပြီး တရားစွဲဆိုခဲ့ကြောင်း၊ အဆိုပါနေအိမ်ဟာ ၎င်းတို့၏မိခင် ဒေါ်ခင်ကြည် အမည်ပေါက်ထားတဲ့ အိမ်ဖြစ်ကြောင်း ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇန်နဝါရီလ ၂၅ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ