ယူကရိန်းအကျဉ်းသားတွေကိုတင်ဆောင်လာတဲ့ ရုရှားစစ်လေယာဉ် ပျက်ကျ
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၄
ယူကရိန်းအကျဉ်းသားတွေကို တင်ဆောင်ပျံသန်းလာတဲ့ ရုရှားစစ်ဘက်သုံးလေယာဉ်တစ်စီးဟာ ရုရှား နဲ့ ယူကရိန်း နယ်စပ်ဒေသဖြစ်တဲ့ ဘယ်ဂိုရောဗ့်မြို့အနီးမှာ ပျက်ကျသွားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ရုရှားစစ်ဘက်သုံးလေယာဉ်တစ်စီးဖြစ်တဲ့ Ilyushin Il-76 ဟာ စစ်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ ယူကရိန်းအကျဉ်းသား ၆၅ ဦးကို တင်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ယူကရိန်း နဲ့ ရုရှားတို့ဟာ အကျဉ်းသားတွေ အပြန်အလှန် လဲလှယ်ရေးအစီအစဉ်အရ အကျဉ်းသားတွေလဲလှယ်ဖို့ ခေါ်ဆောင်လာချိန်မှာ လေယာဉ်ပျက်ကျခဲ့တာမျိုးဖြစ် ကြောင်း သိရပါတယ်။
အဆိုပါအမျိုးအစားလေယာဉ်ဟာ တပ်ဖွဲ့ဝင်တွေ၊ ကုန်စည်တွေနဲ့ စစ်ဘက်ပစ္စည်းတွေ၊ လက်နက်တွေ တင်ဆောင် ပျံသန်းလာဖို့ ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါအမျိုးစား လေယာဉ်တွေမှာ ဝန်ထမ်း ၅ ဦး ပုံမှန်တင်ဆောင်ပျံသန်းပြီး ခရီးသည် အနည်းဆုံး ၉ဝ အထိ တင်ဆောင်ပျံသန်းလို့ ရကြောင်း သိရပါတယ်။
အဆိုပါစစ်ဘက်သုံးလေယာဉ်ဟာ ဘာကြောင့် ပျက်ကျခဲ့ရသလဲဆိုတဲ့အချက်ကို အတိအကျမသိသေးကြောင်း စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း ရုရှားဘယ်လ်ဂိုရောဗ့်မြို့အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ယူကရိန်းနဲ့ ရုရှားနိုင်ငံ ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ အချိန် ၂ နှစ်နီးပါးရှိလာနေပြီး စစ်ပွဲအတွင်း ဖမ်းဆီးရမိတဲ့အကျဉ်းသားတွေကို အပြန် အလှန်လဲလှယ်တာမျိုးတွေ လုပ်လေ့ရှိနေကြောင်း သိရပါတယ်။
ရုရှားဟာ ယူကရိန်းပိုင်နက် လေးခုကို သိမ်းပိုက်ထားပြီး လက်ရှိအချိန်အထိ ယူကရိန်းနဲ့ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။ ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ပြန်လည် သိမ်းယူနိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်ပြီး နှစ်ဖက်စလုံးဟာ စစ်သားအရေအတွက် သိန်းနဲ့ချီ ကျဆုံးထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒုက္ခသည်ဘင်္ဂါလီများနေရပ်ပြန်ရေး မြန်မာဝန်ကြီးနှင့်တွေ့ဆုံခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးအသစ် ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း