ထိုင်ဝမ်ရဲ့လွတ်လပ်ရေးကိုအားပေးထောက်ခံမှုမရှိကြောင်း ဖိလစ်ပိုင်သမ္မတပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၄
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာက ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံကြောင်း၊ ၎င်းတို့နိုင်ငံအနေနဲ့ One-China မူဝါနဲ့ပတ်သက်ပြီး ထားရှိတဲ့ကတိတွေကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဖိလစ်ပိုင်သမ္မတဟာ ဇန်နဝါရီလ ၈ ရက်က ကျင်းပခဲ့တဲ့ ထိုင်ဝမ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အနိုင်ရတဲ့ ထိုင်ဝမ်သမ္မတ Lai Ching-te ကို ချီးကျူးပြောဆိုခဲ့ရာ တရုတ်အစိုးရရဲ့ စိတ်ဆိုးဒေါသဖြစ်မှုတွေ ရင်ဆိုင်ခဲ့ရကြောင်း သိရပါတယ်။
တရုတ်အစိုးရဟာ ထိုင်ဝမ်သမ္မတ အသစ်ကို ချီးကျူးပြောဆိုခဲ့တာတွေနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတကို ဝေဖန်ပြစ်တင်ကာ စိတ်ဆိုးဒေါသဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဖိလစ်ပိုင်သမ္မတက "ဖိလစ်ပိုင်နိုင်ငံဟာ One-China မူဝါဒအတိုင်း ဆက်လက်ရှိနေမှာပါ။ ဖိလစ်ပိုင်နိုင်ငံဟာ One-China မူဝါကို ဆက်လက်အကောင်အထည်ဖော်လိုက်နာမှာပါ။ ထိုင်ဝမ်လွတ်လပ်ရေးကို အားပေးထောက်ခံမှာ မဟုတ်ဘူး။ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ပိုင်နက်အစိတ်အပိုင်းတစ်ခုအဖြစ်သာ ရှုမြင်ထားတယ်" လို့ ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အာရှ-ပစိဖိတ်ဒေသအတွင်းမှာ ပဋိပက္ခဖြစ်အောင် ဖန်တီးလိုလားခြင်းမျိုးမရှိကြောင်း ဖိလစ်ပိုင်သမ္မတဒူတာတေးက ပြောပါတယ်။ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတို့ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဖြစ်လာခဲ့ကြောင်း သိရပါတယ်။
ဖိလစ်ပိုင်ဟာ တရုတ်နိုင်ငံ နဲ့ အငြင်းပွားမှုတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံ နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်လာခဲ့ပြီး ဖိလစ်ပိုင်ပိုင်နက်တွေအတွင်း အမေရိကန်စစ်အခြေစိုက်စခန်းတွေ တိုးချဲ့တည်ဆောက်ခွင့်ပေးဖို့ ပြင်ဆင်လာခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း သတင်းထူးများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ