CNG မော်တော်ယာဥ်များကို သဘာဝဓာတ်ငွေ့ ပိုမိုဖြည့်ဆည်းနိုင်ရန် ကုန်တွင်းသဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်ရေးဆောင်ရွက်နေ
ယွန်း (NSS) - ဇန်နဝါရီ ၂၄
သဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဥ်များအတွက် သဘာဝဓာတ်ငွေ့ ပိုမိုဖြည့်ဆည်းနိုင်ရန် ကုန်တွင်းသဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်ရေး စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ဇန်နဝါရီလ(၂၃) ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ကျင်းပခဲ့သည့်သဘာဝ ဓာတ်ငွေ့သုံး CNG မော်တော်ယာဉ်များနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်း အဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စက်သုံးဆီလိုအပ်ချက်ကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သဘာဝဓာတ်ငွေ့သုံး CNG မော်တော်ယာဥ်များအတွက် ပိုမိုဖြည့်ဆည်းပေးနိုင်ရန် ကုန်းတွင်းသဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေးစီမံချက်များကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ကုန်းတွင်းသဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်မှုနှင့်အတူ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် CNG ကိုကျယ်ပြန့်စွာသုံးစွဲနိုင်ရေးကိုလည်း စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးက အသိပေးပြောကြားထားသည်။
အဆိုပါ ရည်ရွယ်ချက်များ အကောင်အထည်ဖော်ရာတွင် စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း စွမ်းအင်ဝန်ကြီးက အသိပေးပြောကြားခဲ့သည်။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်၊ မန္တလေး နှင့် မကွေးတို့ရှိ CNG အရောင်းဆိုင်စုစုပေါင်း(၄၆)ဆိုင်တွင် CNG ယာဥ်အစီးရေ စုစုပေါင်း (၂၈၃ဝ၁) စီးကို နေ့စဥ် ကုန်းတွင်း နှင့် ကမ်းလွန်မှထုတ်လုပ်ရရှိသည့် သဘာဝဓာတ် ငွေ့ကုဗပေ သန်း(၂ဝ)ခန့်ကို ထိန်းညှိဖြန့်ဖြူးပေးနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်ဝမ်ရဲ့လွတ်လပ်ရေးကိုအားပေးထောက်ခံမှုမရှိကြောင်း ဖိလစ်ပိုင်သမ္မတပြော
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း