အင်းစိန်မြို့နယ်၌ ကုန်တင်ကားတစ်စီး အရှိန်လွန်ကာ ရပ်ထားသည့်ကားကိုဝင်တိုက်မိပြီးနောက် တိမ်းမှောက်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ ကုန်တင်ကားတစ်စီး အရှိန်လွန်ကာ ရပ်ထားသည့်ကားကိုဝင်တိုက်မိပြီးနောက် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယနေ့(ဇန်နဝါရီလ ၂၃ ရက်)၊ ညနေ ၃နာရီ ၃၅မိနစ်အချိန်တွင် အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ပုလဲလမ်းမကြီး၊ သံမဏိစက်ရုံအရှေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကုန်တင်ကားက ကွေ့ကြောကနေ ကွေ့နေရင်း အရှိန်လွန်ပြီး ရပ်ထားတဲ့ကားကို ဝင်တိုက်ပြီးမှောက်သွားတာပေါ့။ ကုန်တင်ကားက ရွှေပြည်သာစက်ရုံတစ်ခုကနေ တောင်ဒဂုံက စက်ရုံကိုသွားတဲ့ကားပါ"ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ကုန်တင်ကားယာဉ်မောင်းဖြစ်သည့် အသက်(၂၉)နှစ်အရွယ် အမျိုးသားတွင် ထိခိုက်ဒဏ်ရာများပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
"ကားမှောက်သွားတော့ ယာဉ်မောင်းက ကားခေါင်းထဲမှာညပ်နေတယ်။ အဲဒါနဲ့ ကျွန်တော်တို့လည်း အခြားအသင်းတွေနဲ့ပေါင်းပြီး ဆွဲထုတ်ခဲ့ရတာပေါ့။ လူနာက ညာမျက်ခုံးကွဲတယ်။ ညာလက်မောင်းအဆစ်ပြုတ်ဒဏ်ရာနဲ့ အခြားထိခိုက်ဒဏ်ရာတွေရခဲ့တယ်။ အဲဒီအကွေ့နားက ခဏခဏဖြစ်တတ်တယ်။ အကွေ့ကလည်း(ဂ)ကွေ့ကြီးဆိုတော့ ဖြစ်တာများပါတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားကို တွဲလက်လူမှုကူညီရေးအသင်းမှ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
AI က 2D, 3D နဲ့ ထီပေါက်ဂဏန်းတွေ တွက်ချက်ပေးနိုင်သလား (ဆောင်းပါး)
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း