AI က 2D, 3D နဲ့ ထီပေါက်ဂဏန်းတွေ တွက်ချက်ပေးနိုင်သလား (ဆောင်းပါး)
Htay Oung (NSS) - ဇန်နဝါရီ ၂၄
တရုတ်မှာ AI Chatbot တွေကို အသုံးပြုကာ ထီဂဏန်းကို ခန့်မှန်းခိုင်းနေပါတယ်။ အခုဆိုရင် ဉာဏ်ရည်တုနည်း ပညာ (AI) ကို နယ်ပယ်ပေါင်းစုံမှာ အသုံးပြုလာကြပါတယ်။ AI ဟာ ဉာဏ်ရည်မြင့်မားပြီး လူတွေရဲ့မေးခွန်းတွေကို ဖြေဆိုနိုင်တဲ့အတွက် အခုလိုအသုံးပြုလာကြတာပါ။ တရုတ်မှာတော့ AI ကို အသုံးချတဲ့နည်းလမ်းတစ်ခုက ထူးဆန်း နေပါတယ်။ အဲဒါကတော့ AI Chatbot တွေကို အသုံးပြုကာ ထီဂဏန်းကို ခန့်မှန်းခိုင်းတာဖြစ်ပါတယ်။
တရုတ်မှာ ထီထိုးသူ သန်း ၂ဝဝ နီးပါး ရှိပြီး နှစ်စဉ် ယွမ် ၆ဝဝ ဘီလျံဖိုး ထီထိုးနေကြပါတယ်။ Anhui ပြည်နယ်မှ Gu Xiangnan ဟာ AI Chatbot တစ်ခုဖြစ်တဲ့ Google Gemini-Pro မှာ Super Lotto ဒေတာ ၂ နှစ်စာကို ထည့်သွင်ငးပေးထားပြီး ထီဂဏန်းတွေကို ခန့်မှန်းခိုင်းနေတာဖြစ်ပါတယ်။ Gu လိုပဲ တခြား ထီဝါသနာရှင်တွေက လည်း AI ကို အသုံးပြုလာကြပါတယ်။
AI ကို အသုံးပြုကာ ထီဂဏန်းခန့်မှန်းခိုင်းတာဟာ တခြားနိုင်ငံတွေမှာလည်း ရှိနေပါတယ်။ ထိုင်းကနေ စင်ကာပူ အထိ AI ခန့်မှန်းပေးတဲ့ ထီဂဏန်းတွေကို ထိုးလို့ ထီပေါက်သွားသူတွေရဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဒါပေမယ့် အရေးကြီးတာ ၁ ခုက AI ကို ယုံစားပြီး ဘဝပျက်အောင် ထီမထိုးသင့်ပါဘူး။ AI ဟာ ထီဂဏန်းကို ခန့်မှန်းပေးတာပဲဖြစ်ပြီး ထီပေါက်အောင် မစွမ်းဆောင်ပေးနိုင်ပါဘူး။ အဲဒီအတွက် ထီကို အပျော်သဘောလောက်ပဲ ထိုးသင့်ပါတယ်။ (Ref : gizmochina)
ဒါဆိုရင် Artificial Intelligence ၊ AI တွေဟာ ထီပေါက်ဂဏန်းတွေကို ကြိုတင်ခန့်မှန်းနိုင်ပါသလား မေးခွန်းထုတ် ရမှာဖြစ်ပါတယ်။ ကိန်းဂဏန်းတွေကို ကြိုတင်တွက်ချက်ခြင်းမှာ (၁) “သင်္ချာနည်း” နဲ့ (၂) “လောင်းကစားနည်း” လို့ နှစ်မျိုးရှိပါတယ်။
ဒီတစ်ပတ် ၅၄ ဂဏန်းထွက်လို့ နောက်တစ်ပတ် ၅၄ မထွက်ဖူး၊ ဝဝ၁၊ ၂၂၂၊ ၉၉၉ စတဲ့ ဂဏန်းတွေ ဆိုတာပေါက်ဖို့ ခဲယဉ်းတယ်လို့ ပယ်ခြင်းဟာ လောင်းကစားကြိုတင်ခန့်မှန်းနည်းဖြစ်ပါတယ်။ တကယ်တော့ အများသိတဲ့အတိုင်း အောင်ဘာလေ ထီ အပါအ၀င် 2D, 3D နံပါတ်တွေဟာ မွှေနှောက်လှည့်ထားတဲ့ပုံးထဲက ကျဘမ်းနှိုက်ယူထားတဲ့ အံစာတုံး ဂဏန်းနံပါတ်တွေဖြစ်ပါတယ်။ အဲဒါကြောင့် သူ့ဖာသာ ထွက်ချင်တဲ့ ဂဏန်းထွက်ပါလိမ့်မယ်။
#ထီထိုးခြင်းဟာ “ #ဥာဏ်တိုက်လောင်းကစားခြင်း ” #မဟုတ်၊ “ #ကံတိုက်လောင်းကစား” #ကြခြင်းဖြစ်တယ်။
AI ဟာ ကြောက်စရာကောင်းလောက်တဲ့ မှတ်ဉာဏ်ရှိကြောင်း သေချာပါတယ်။
တစ်ခါ AI တစ်လုံးကို ထည့်သွင်းပေးလိုက်တဲ့အချက်အလက်ကို အခြား AI များက ချက်ချင်းကူးယူပြန့်ပွားနိုင် တယ်။ အဲဒီအချက်တွေအားလုံး ပေါင်းစပ် ကောက်ချက်ချမှတ်ပေးနိုင်တယ်။ လူတွေမှာ ရေတိုမှတ်ဉာဏ်၊ ရေရှည် မှတ်ဉာဏ်ရှိပြီး တစ်ချို့အချက်အလက်တွေကို ရေရှည်မှတ်သားမထားနိုင်ဘဲ မေ့ပျောက်တတ်ပါတယ်။ အဲဒီနေရာ မှာ AI တွေဟာ အဆမတန်သာလွန်တယ်။
လူ့ရောဂါတစ်ခုရဲ့ခြွင်းချက်တွေ ဖြစ်မြဲအချက်တွေကို လူသားအထူးကုဆရာဝန်ကြီးတွေ သတိမေ့နေချင်နေပါ လိမ့်မယ်။ AI ကတော့ မေ့ထားမည်မဟုတ်၊ လူသားတွေလို ချစ်-ကြောက်-မုန်း ခံစားတတ်ပြီး လောဘ-ဒေါသ-မောဟ တွေသာ ရှိလာခဲ့ကြရင် ကျွန်တော်တို့လူသားတွေအပေါ် ပြဿနာရှာလာနိုင်ဖွယ်ရှိပါတယ်။
#ဒါပေမယ့်_ဘယ်လောက်ကောင်းတဲ့ #AI #ဖြစ်ပါစေ၊ #လူ့ကံကြမ္မာကို ကြိုတင်ခန်းမှန်းရန် မဖြစ်နိုင်ပါ။
ဘာတွေစား ဘာတွေလုပ် ဘယ်လိုနေထိုင်ပုံရှိသူဟာ ဘယ်အချိန် ဘာရောဂါရနိုင်မယ်လောက်တော့ ပြောနိုင်လိမ့်မယ်။
အဲဒါကြောင့်ဖြစ်နိုင်ခြေ ဘယ်နှစ်ရာခိုင်နှုန်းလို့ မိုးလေဝသကြိုတင်ခန့်မှန်းချက်လို ထွက်လာပါလိမ့်မယ်။ AI တွေကို လူသားတွေရဲ့နေရာအားလုံးမှာ အစားထိုးရန် မဖြစ်နိုင်ပါ။ အဲဒါကြောင့်လည်း မဝေးတဲ့ တစ်နေ့နေ့ AI က လူသား တွေအပေါ် မနာလိုချင်စရာဖြစ်လာဖွယ်ရှိပါတယ်။
အစဉ်လေးစားစွာဖြင့်
#HtayOung, #OungMarine
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်တွင် ပါဝင်လိုသည့် သိုလှောင်ရုံလုပ်ငန်ရှင်များအား MRF ဖိတ်ခေါ်
RELATED POSTS
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
21 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ