မလေးရှားနိုင်ငံမှာ နှစ်သန်း ၄ဝဝ သက်တမ်းရှိ ဂူနေရာနဲ့ ဘုရားကျောင်းအတွက် စက်လှေကား တပ်ဆင်မှု အဆင့်မြှင့်တင်ဖို့ စီစဉ်နေ
ရောင်နီ (NSS) - ဇန်နဝါရီ ၂၃
မလေးရှားနိုင်ငံရှိ ရှေးဟောင်းဟိန္ဒူဘာသာရေး နေရာတစ်ခု၊ Batu Caves မှာ ထိန်းသိမ်းသူတွေက ဘုရားကျောင်းနဲ့ ဂူဗိမာန်တွေဆီ အရောက်လှမ်းရမယ့် လှေခါး ၂၇၂ ထစ်ကို တက်ဖို့ မတက်နိုင်သူတွေအတွက် အစားထိုး စက်လှေကားတစ်ခု တပ်ဆင်ပေးဖို့ စီစဉ်နေပါတယ်။
Batu Caves ဟာ မလေးရှားနိုင်ငံရဲ့ အကျော်ကြားဆုံး ခရီးသွား ဆွဲဆောင်မှုနေရာတစ်ခုဖြစ်ပါတယ်။ ဟိန္ဒူဘာသာ ကိုးကွယ်သူတွေအတွက် ဘာသာရေးနေရာတစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း Thaipusam ပွဲတော်ကျင်းပရာ အချက် အခြာနေရာဖြစ်ပါတယ်။ မြို့တော် ကွာလာလမ်ပူရဲ့ မြောက်ဘက် မိုင်အနည်းငယ်အကွာမှာ တည်ရှိတဲ့ အဆိုပါ နေရာဟာ နှစ်ပေါင်း သန်း ၄ဝဝ ခန့် သက်တမ်းရှိပြီဟု ယူဆရပြီး Instagrammer တွေကြား သက်တန့် လှေကားတွေနဲ့ ဂူအဖြစ် ရေပန်းစားပါတယ်။
တောင်ထိပ်ရှိ ထုံးကျောက်လိုဏ်ဂူမှာ တည်ထားတဲ့ ဘုရားကျောင်းကိုရောက်ဖို့ ဧည့်သည်တွေက လက်ရှိ လှေကား အဆင့် ၂၇၂ ကို တက်ရမှာဖြစ်ပါတယ်။ စက်လှေကားထည့်ခြင်းဟာ ဘုရားကျောင်းကို ခရီးသွားတွေ ပိုမို ဝင်ရောက်နိုင်စေမယ်လို့ ဆိုက်ရဲ့ စီမံခန့်ခွဲမှုကော်မတီမှ ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့(ဇန်နဝါရီ ၁၉ ရက်) မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
"ဒီ (စက်လှေကား) က ပင်မဘုရားကျောင်းကို တက်ဖို့ လှေကားထစ်တွေ မတက်နိုင်တဲ့မသန်စွမ်းတွေနဲ့ သက်ကြီး ရွယ်အိုတွေအတွက် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဘုရားကျောင်းကော်မတီဥက္ကဋ္ဌ အာနာဒါရာဂျက်က ပြောကြားခဲ့ပါတယ်။
စက်လှေကားတည်ဆောက်ခြင်းအပြင် ဘက်စုံသုံးခန်းမအသစ်ကိုလည်း ဇန်နဝါရီ ၂၅ ရက်မှာ ကျရောက်မယ့် အခုနှစ် Thaipusam ပွဲတော်မှာ စတင်ဖွင့်လှစ်မှာဖြစ်တယ်လို့ သိရပါတယ်။ ခန်းမကတော့ မလေးရှားငွေ ၃၅ သန်း (ဒေါ်လာ ၇.၅ သန်း) ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟူသီလက်နက်ကိုင်အုပ်စုထိန်းချုပ်ထားတဲ့ ယီမင်နိုင်ငံကို အမေရိကန် နဲ့ ဗြိတိန်တို့ပူးပေါင်းပြီး တိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း