မြောက်ပိုင်း (၃)ဖွဲ့ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းမြောက်မှ အခြားနေရာသို့ ရွေ့လျားသွားပြီးဟု ထုတ်ပြန်
မြူနစ် (NSS) - ဇန်နဝါရီ ၂၂
မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် (၃)ဖွဲ့ စတင်ဖော်ဆောင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းမြောက်မှ အခြားနေရာသို့ ရွေ့လျားသွားပြီးဟု အသိပေးထုတ်ပြန်ထားသည်။
MNDAA၊ TNLA၊ AA မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် (၃)ဖွဲ့သည် ယမန်နေ့(ဇန်နဝါရီလ ၂၁ ရက်) ညပိုင်းတွင် အထက်ပါ ကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါမဟာမိတ် (၃)သည် ပြီးခဲ့သော ၂၀၂၃ ခုနှစ် အောက်တိုဘာ လ ၂၇ ရက်တွင် ၎င်းတို့၏ စစ်ဆင်ရေးကို ရှမ်းမြောက်ဒေသ၌ စတင်ခဲ့ပြီး နယ်မြေတချို့ရရှိပြီးနောက် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် တပ်မတော်နှင့်အပစ်အခတ်ရပ်စဲခဲ့သည်။
လက်ရှိတွင် ရှမ်းမြောက်ဒေသ၌ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့်ခဲ့သော်လည်း မဟာမိတ်(၃)ဖွဲ့မှ တစ်ဖွဲ့ဖြစ်သော ရခိုင် လက်နက် ကိုင် AA သည် တပ်မတော်နှင့် ရခိုင်ပြည်နယ်အတွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု မြောက်ပိုင်း (၃)ဖွဲ့က ဆိုသည်။
ထို့ကြောင့် ၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းမြောက်မှ အခြားနေရာသို့ ရွေ့လျားသည့်ပုံစံမျိုးဖြစ်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း၌ တိုက်ပွဲများပြင်းထန်နေလျက်ရှိသည်ဟု မြောက်ပိုင်း(၃)ဖွဲ့က ထုတ်ပြန်ထား သည်။
မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့သည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားများရှိရာ BRI လမ်းကြောင်းဖြစ်သည့် ရှမ်းမြောက်ဒေသမှစ၍ ရခိုင် ပြည်နယ် ကျောက်ဖြူအထိ တိုက်ပွဲများ ဖော်ဆောင်နေခြင်းဖြစ် ကြောင်းလည်း နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်နေကြသည်။
“ဒေသလူထုကတော့ ခံကြရအုံးမှာပေါ့။ မြို့စွန့်တာတို့၊ စိုက်ပျိုးထားတဲ့ စပါးကအစ ရိတ်သိမ်းနိုင်ပါ့မလား။ စားနပ်ရိက္ခာအားဖြင့် အခက်အခဲရှိမှာပေါ့။ လမ်းတွေလည်း ပိတ်ထားတဲ့ အခါကြတော့ အထူးသဖြင့် ပြည်မက ကြွက်သွန်၊ ငရုတ်စသဖြင့်ပေါ့။ ဒီဘက်က မှီခိုရတာကို။ စပါးရိတ်သိမ်းချိန်မှာ တိုက်ပွဲက အကြီးအကျယ်ဖြစ်နေတာကို။ စပါးရိတ်သိမ်းနိုင်တာလည်း မရှိတဲ့ အခါမှာ နောက်နှစ်အတွက် စားနပ်ရိက္ခာ ရှိနိုင်တာပေါ့။ လူထုပဲ ထိခိုက်မှာပေါ့”ဟု ဝါရင့်နိုင်ငံရေးသမားတစ်ဦးက မှတ်ချက်ပြုပြောကြားသည်။
ရခိုင်လက်နက်ကိုင်အဖွဲ့ AA သည် ပြီးခဲ့သော ၂၀၂၃ ခုနှစ် နိုဝင်ဘာ လ ၁၃ ရက်တွင် ရခိုင်ပြည်နယ်အတွင်း၌ တစ်ကျော့ပြန်တိုက်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့သည်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် AA အဖွဲ့နှင့်အတူ PDF အပါအဝင် အခြားသောတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များကလည်း ပူးပေါင်းပါဝင်တိုက်ခိုက်နေသည်ဟု ရခိုင်ဒေသခံများက ပြောဆိုနေလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇန်နဝါရီလ ၂၂ ရက်အတွက် ပြည်တွင်း နှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ