အင်းစိန်မြို့နယ်၌ စက်ဘီးစီးလာသည့်လင်မယား(၂)ဦးကို တက္ကစီမှဝင်တိုက်မိပြီးနောက် လဲကျသွားစဉ် တွဲကားမှ ထပ်မံဝင်တိုက်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဇန်နဝါရီ ၂၂
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် စက်ဘီးစီးလာသည့်လင်မယား (၂)ဦးကို တက္ကစီမှဝင်တိုက်မိပြီးနောက် စက်ဘီးလဲသွားချိန်၌ တွဲကားမှ ထပ်မံဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဇန်နဝါရီလ ၂၁ ရက်)၊ ည ၇နာရီခွဲဝန်းကျင်အချိန်တွင် အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ က+ခ(က+၇) လမ်းထိပ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လင်မယား(၂)ယောက်စီးလာတဲ့ စက်ဘီးက ဘုရင့်နောင်ဘက်အတက်မှာ အဲဒီအချိန်မီးကလည်းပြတ်နေတော့ တက္ကစီကနောက်က ဝင်တိုက်ပြီး မောင်းပြေးသွားတာ။ နောက်ပြီး စက်ဘီးလဲနေတုန်း တွဲကားက ထပ်ပြီးတိုက်မိတာ။ တွဲကားလည်းမောင်းပြေးသွားတယ်”ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် စက်ဘီးစီးလာသည့် အသက် (၂၇)နှစ်ဝန်းကျင် လင်မယား(၂)ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“အမျိုးသမီးက စိုးရိမ်ရတယ်။ ဦးခေါင်းနောက်စေ့ ဖူးယောင်ဒဏ်ရာရပြီး သတိမေ့သွားတယ်။ ကောင်လေးကတော့ ဘယ်ဘက် နထင်နဲ့မျက်နှာတွေပွန်းပဲ့သွားတယ်။ သူကတော့ မစိုးရိမ်ရဘူး။ ကား(၂)စီးလုံးကမောင်းပြေးသွာတာ။ မီးပြတ်နေတာဆိုတော့ ကားနံပါတ်တွေလည်း မသိလိုက်ရဘူး”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် အမျိုးသမီးကို တွဲလက်လူမှုကူညီရေးအသင်းမှ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြေင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ပိုင်း (၃)ဖွဲ့ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းမြောက်မှ အခြားနေရာသို့ ရွေ့လျားသွားပြီးဟု ထုတ်ပြန်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း