မိုဘိုင်းငွေပေးချေမှုမှ ငွေကြေးလိမ်လည်မှု မှုခင်းများဖြေရှင်းရာ၌ ထိရောက်စွာဖြေရှင်းနိုင်ခြင်းမရှိသေးဟု စီမံဘဏ္ဍာဝန်ကြီးဆို
ယွန်း (NSS) - ဇန်နဝါရီ ၂၂
မိုဘိုင်းငွေပေးချေမှုမှ ငွေကြေးလိမ်လည်မှု မှုခင်းများဖြေရှင်းရာတွင် Anti-Scan/ Center (လိမ်လည်မှုတိုက်ဖျက်ရေးစင်တာ)များ ဖွင့်လှစ်နိုင်ခြင်းမရှိခြင်းကြောင့် ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်မှု မရှိသေးကြောင်း စီမံဘဏ္ဍာဝန်ကြီးက အသိပေးပြောကြားထားသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ယနေ့(ဇန်နဝါရီလ ၂၂ ရက်)၊ နံနက်(၉)နာရီတွင် နေပြည် တော်ရှိ Hilton Hotel တွင် ကျင်းပခဲ့သည့် မိုဘိုင်းငွေပေးချေမှုလမ်းကြောင်းမှတဆင့် ငွေကြေးလိမ်လည်မှုတားဆီးရေး အသိ ပညာပေးဆွေးနွေးပွဲ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ခေတ်မီတိုးတက်နေသည့်နိုင်ငံများအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အွန်လိုင်းမှတစ်ဆင့် အချို့သောဝိသမလောဘသားများ၏ ဟန် ဆောင်လိမ်ညာ၍ ငွေကြေးရယူမှုများရှိနေပြီး အွန်လိုင်းလိမ်လည်မှုများသည် မြန်မာနိုင်ငံတွင်သာမက အခြားနိုင်ငံများတွင်ပါ တိုးပွားလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် အွန်လိုင်းလိမ်လည်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်ရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားထားသည်။
“မိုဘိုင်းငွေပေးချေမှုလမ်းကြောင်းများမှ ငွေကြေးလိမ်လည်မှု မှုခင်းများဖြေရှင်းဆောင်ရွက်တဲ့နေရာမှာ ဒေသတွင်းနိုင်ငံများ နည်းတူ Anti-Scan/ Center လိမ်လည်မှုတိုက်ဖျက်ရေးစင်တာများ ဖွင့်လှစ်နိုင်မှုမရှိသေးတဲ့အတွက် ဒီမှုခင်းတွေကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်မှု မရှိသေးတာကိုလည်း တွေ့ရပါတယ်” ဟု စီမံဘဏ္ဍာဝန်ကြီးက သုံးသပ်ပြောကြားထားသည်။
အလားတူ ဆိုက်ဘာမှုခင်းများအပေါ်၌ ရာဇသတ်ကြီးဥပဒေအပြင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ(၂၀၀၄)၊ ဆက်သွယ်ရေးဥပဒေ (၂၀၁၃)တို့နှင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဆိုက်ဘာလုံခြုံရေးဥပဒေကိုလည်း ရေးဆွဲလျက်ရှိပြီး မူကြမ်းအဆင့်မှ ဆက်လက်အတည်ပြုနိုင်ရေးကို ဆောင်ရွက်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းစိန်မြို့နယ်၌ စက်ဘီးစီးလာသည့်လင်မယား(၂)ဦးကို တက္ကစီမှဝင်တိုက်မိပြီးနောက် လဲကျသွားစဉ် တွဲကားမှ ထပ်မံဝင်တိုက်မှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း