မုံရွာမြို့ရှိ လုပ်ငန်းရှင်တချို့ကို မုံရွာသေမင်းတမန်နတ်ဆိုးများအဖွဲ့က ခြိမ်းခြောက်ငွေတောင်းခံမှုများ ပြုလုပ်နေ
မြူနစ် (NSS) - ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ လုပ်ငန်းရှင်တချို့ကို မုံရွာသေမင်းတမန်နတ်ဆိုးများအဖွဲ့က ခြိမ်းခြောက်ကာ ငွေတောင်းခံမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
မုံရွာသေမင်းတမန်နတ်ဆိုးများအဖွဲ့ဟုဆိုကာ မြို့ပေါ်ရှိ လုပ်ငန်းတချို့ကို တယ်လီဖုန်းမှတစ်ဆင့် စာပေးပို့ကာ ယခုရက်ပိုင်းအ တွင်း ငွေကြေးတောင်းခံနေခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်တချို့က NP News ကို ပြောသည်။
“အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေတဲ့ သူတွေကို တောင်းခံနေတာများတယ်။ တချို့ဆိုရင် သိန်း ၅၀၊ ၁၀၀ တို့ တောင်းနေတာရှိတယ်။ တချို့ကကြောက်တော့လည်း ပေးတာရှိသလို တချို့ကလည်း မပေးဘူးပေါ့။ သူတို့က နာမည်တပ်ပြီး စာပို့တောင်းတာ။ ဒါပေမဲ့ ငွေလက်ခံမယ့်အကောင့်မှန်သမျှက မိန်းကလေး နာမည်တွေနဲ့ချည်းပဲ။ ဘာပဲဖြစ်ဖြစ် စိုးရိမ်နေရတယ်”ဟု မုံရွာမြို့ရှိ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ မုံရွာမြို့ပေါ်ရှိ ရန်ကင်းရပ်ကွက်တွင်လည်း ဓါးပြတိုက်လုယက်မှုဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ဖူးကြောင်း လုပ် ငန်းရှင်အချို့က ပြောသည်။
“ဒါကတော့ အဖွဲ့အစည်းအကြောင်းပြပြီးတော့ အနိုင်ကျင့်နေတယ်လို့ပဲ မြင်တယ်။ အနိုင်ကျင့် ငွေညှစ်နေတယ်လို့ပဲ မြင်တယ်”ဟု မုံရွာမြို့ရှိလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုထားသည်။
လက်ရှိတွင် မုံရွာမြို့ပေါ်ရှိ လုပ်ငန်းရှင်များကို ခြိမ်းခြောက်ကာ ငွေတောင်းခံမှုများရှိနေသည့်အတွက် မလုံခြုံမှုများဖြင့် ရင်ဆိုင်နေရလျက်ရှိပြီး သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် အထူးအလေးထားဆောင်ရွက်ပေးရန် အကြံပြုပြောဆိုမှုများရှိနေသည်။
မုံရွာနတ်ဆိုးအဖွဲ့ဟု အမည်တပ်ထားသော လက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သောကာလများအတွင်း၌ မုံရွာမြို့နယ်အတွင်းရှိ လုံခြုံရေးစခန်းများကို ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ထားကြောင်း တွေ့ရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြေးဖြစ်သူကို ကျောင်းကြိုရန်စောင့်ဆိုင်းနေသည့် အဘိုးအိုတစ်ဦး KNU/PDF အဖွဲ့ဝင်တစ်ဦး၏ လုပ်ကြံသတ်ဖြတ်ခြင်းခံရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း