ရုရှားနှင့်ထိစပ်နေသောနယ်စပ်တစ်လျှောက် ကွန်ကရစ်ဘန်ကာများ တည်ဆောက်သွားမည်ဖြစ်ကြောင်း အက်စတိုးနီးယားအစိုးရ ကြေညာ
Pika (NSS) - ဇန်နဝါရီ ၂၁
ရုရှားနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်တွင် ရာနှင့်ချီသော ကွန်ကရစ်ဘန်ကာများ တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း အက်စတိုးနီးယားအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါစီမံကိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်သော လတ်ဗီးယား နှင့် လစ်သူယေးနီးယားနိုင်ငံတို့ကလည်း လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
အက်စတိုးနီးယား၊ လတ်ဗီးယား နှင့် လစ်သူယေးနီးယားနိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးများသည် Riga မြို့တွင် တွေ့ဆုံခဲ့ကြပြီး ၎င်းတို့၏ အရှေ့ဘက်နယ်စပ်တွင် ဖြစ်နိုင်ခြေရှိသော ရုရှား၏ကျူးကျော်တိုက်ခိုက်မှုများကို တွန်းလှန်ရန်အတွက် ကွန်ကရစ်ဘန်ကာများ တည်ဆောက်ရန် အတည်ပြုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
"အက်စတိုးနီးယားပြည်သူတွေ လုံခြုံတယ်လို့ ခံစားရစေဖို့အတွက် ဒီလိုကြိုးပမ်းမှုတွေကို ကျွန်တော်တို့ ဆက်လက် လုပ်ဆောင်နေပါတယ်။ ယူကရိန်းပဋိပက္ခက စက်ပစ္စည်းတွေ၊ ခဲယမ်းမီးကျည်တွေ နဲ့ လူအင်အားအပြင် နယ်စပ်မှာ ခံစစ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံတွေ လိုအပ်တယ်ဆိုတာကို ပြသခဲ့ပါတယ်။ ဘောလ်တစ်ကာကွယ်ရေးလိုင်းဟု ခေါ်ဆိုသောအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် စတုရန်းမီတာ(၃၅)မီတာခန့် အရွယ်အစားရှိပြီး စစ်သား(၁ဝ) ဝင်ဆံ့သော ကွန်ကရစ်ဘန်ကာများတည်ဆောက်ရန် အက်စတိုနီးယားအစိုးရက ကတိပြုခဲ့ကြောင်း” အက်စတိုးနီးယားကာကွယ်ရေး ဝန်ကြီး Hanno Pevkur က ပြောသည်။
အဆိုပါကွန်ကရစ်ဘန်ကာများကို ရုရှားနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်(၂၉၄)ကီလိုမီတာတစ်လျှောက်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး ထောက်ပံ့ရေးလိုင်းကွန်ရက်ဖြင့် ချိတ်ဆက်ထားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြေမြှုပ်မိုင်းများ၊ခြံစည်းရိုးခတ်သည့် သံဆူးကြိုးများနှင့် တင့်ကားဆန့်ကျင်ရေးအတားအဆီးဖြစ်သည့် dragon’s teeth များကိုလည်း အနီးအနားတွင် သိမ်းဆည်းထားမည်ဖြစ်ပြီး လိုအပ်ပါက လျင်မြန်စွာ ဖြန့်ကျက်ချ ထားသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ လက်ထောက်တစ်ဦးဖြစ်သူ Kaido Tiitus က ပြောကြားခဲ့ သည်။ အဆိုပါစီမံကိန်းအတွက် အစောပိုင်းဘတ်ဂျက်မှာ ယူရိုသန်း(၆ဝ)ဖြစ်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုဘဏ္ဍာနှစ်အတွင်း ရော်ဘာ တန်ချိန် သုံးသိန်းခန့် တင်ပို့မည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ