ဂါဇာစစ်ပွဲမှာ အစ္စရေးနိုင်ငံက စစ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့ သက်သေအထောက်အထားမျိုးမတွေ့ရသေးကြောင်း အမေရိကန်အစိုးရပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂ဝ
ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ ခိုင်မာတဲ့သက်သေမျိုးမရှိသေးကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မက္ကဆီကို နဲ့ ချီလီနိုင်ငံတို့က နိုင်ငံတကာရာဇဝတ်တရားရုံးကို ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး လူသားတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းရှိ၊ မရှိဆိုတဲ့အချက်ကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပြီးနောက် အမေရိကန်အစိုးရက အခုလိုတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံဟာ အစ္စရေးကို စစ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုကာ နိုင်ငံတကာတရားရုံးမှာတရားစွဲထားကြောင်းသိရပါတယ်။ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင်က အစ္စရေးဟာ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခြင်း ရှိ၊ မရှိဆိုတာကို စုံစမ်းစစ်ဆေးနေကြောင်းပြောပါတယ်။
၎င်းက "အစ္စရေးဟာ ဂါဇာစစ်ပွဲအတွင်း စစ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့ သက်သေမျိုးမရှိသေးပါဘူး"လို့ပြောပါတယ်။ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၂၅၀၀၀ ကျော်သေဆုံးခဲ့ပြီးနောက် ဝေဖန်ပြစ်တင်မှုတွေရှိနေခဲ့ပါတယ်။ အမေရိကန်ဟာ ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းအစ္စရေးနိုင်ငံဘက်ကရပ်တည်ခဲ့ပြီး ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ အစ္စရေးနဲ့ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲက ရက်ပေါင်း ၁၀၀ ကျော်နေပေမယ့် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲနိုင်ခြင်းမရှိပါဘူး။ အစ္စရေးက ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းဖို့ နဲ့ ပြန်ပေးဆွဲခံရသူတွေပြန်လွတ်မြောက်ဖို့ တိုက်ပွဲကို ဆက်တိုက်ဖွယ်ရှိနေပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းအပါအဝင်နိုင်ငံတကာအဖွဲ့စည်းတွေက စစ်ပွဲကို အပစ်ခတ်ရပ်စဲဖို့ တောင်းဆိုနေပေမယ့် လက်ရှိအချိန်အထိ တိုက်ပွဲတွေဖြစ်နေဆဲဖြစ်ပြီး အစ္စရေးရဲ့တိုက်ခိုက်မှုတွေက ပါလက်စတိုင်းအရပ်သားတွေထိခိုက်နစ်နာမှုများပိုမိုဖြစ်စေခဲ့ကြောင်းဝေဖန်ပြစ်တင်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇန်နဝါရီလ ၂ဝ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ