ချောင်းဆုံမြို့နယ်တွင် ဆယ်ကျော်သက်အရွယ် ကလေးငယ်(၂)ဦး ရေနစ်သေဆုံးမှုဖြစ်ပွား
သန့်ဇင်(NSS) - ဇန်နဝါရီ ၂၀
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဆယ်ကျော်သက်အရွယ် ကလေးငယ်(၂)ဦး ရေကန်အတွင်း ရေဆင်းကူရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရေနစ်သေဆုံးမှုဖြစ်စဉ်သည် ယမန်နေ့(ဇန်နဝါရီလ ၁၉ရက်)၊ မွန်းလွဲ ၂နာရီခွဲအချိန်တွင် ချောင်းဆုံမြို့နယ်၊ သက္ကာကျေးရွာအနီးရှိ ရေကန်တစ်ခုအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရေကန်က အိမ်မှာမြေကြီးဖို့တာတွေအတွက် တူးထားတဲ့ ရေကန်ပေါ့။ အနက်က (၁၀)လောက်နက်မယ်။ အဲဒီမှာ ကလေးတွေက ရေဆင်းကူးတာမှာ ရေနစ်ဆုံးသွားကြတာပေါ့” ဟု ဒေသခံအုပ်ချုပ်ရေးမှူးတစ်ဦးက NSS ကို ပြောသည်။
အဆိုပါရေနစ်သေဆုံးမှုဖြစ်စဉ်ကြောင့် ချောင်းဆုံမြို့နယ်၊ တိုးချဲရပ်ကွက်တွင် နေထိုင်သည့် အသက်(၁၂)နှစ်အရွယ် (၆)တန်းကျောင်းသား (၂)ဦးမှာ ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။
“အရင်က မဖြစ်ဖူးပါဘူး။ ကလေးတွေဆိုတော့လည်း အဲဒီကန်ကို နစ်မှန်း တိမ်မှန်း မသိလို့ဆင်းကူတာပေါ့။ ကျွန်တော်တို့လည်း ကျောင်းတွေမှာဆို ကျောင်းသားမိဘတွေကို ဒီလိုတွေမဖြစ်စေဖို့ ပြောကြားခဲ့တာတွေ ရှိပါတယ်။ အခုလိုတွေမဖြစ်အောင်လည်း မိဘတွေက လွှတ်မထားစေချင်ဘူး” ဟု ၎င်းကအကြံပြုပြောထားသည်။
ထို့ကြောင့် သေဆုံးသူကလေးငယ်(၂)ဦး၏ ရုပ်အလောင်းကို ရွှေမြင့်မိုရ်နာရေးကူညီမှုအသင်းက ချောင်းဆုံမြို့နယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရတ်နိုင်ငံမြောက်ပိုင်းတွင် စစ်ဘက်ဆိုင်ရာဒရုန်းတစ်စင်းပျက်ကျခဲ့ကြောင်း အမေရိကန်စစ်ဘက်ဝန်ခံ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း