တရုတ်နိုင်ငံရှိ ကျောင်းတစ်ခု၏ အဆောင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၃)ဦးသေဆုံး
Pika (NSS) - ဇန်နဝါရီ ၂ဝ
တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်ရှိ ကျောင်းတစ်ခု၏ အဆောင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၁၃)ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
ဟီနန်ပြည်နယ် Yanshanpu ရွာရှိ Yingcai ကျောင်းတွင် မီးလောင်မှုဖြစ်ပွားနေသည်ဆိုသည့် သတင်းကို ဇန်နဝါရီလ(၁၉)ရက်၊ ည (၁၁)နာရီအချိန်တွင် ဒေသတွင်းမီးသတ်ဌာနကို အကြောင်းကြားလာခဲ့ခြင်းဖြစ် ကြောင်း ဆင်ဟွာသတင်းအေဂျင်စီကဖော်ပြခဲ့သည်။မီးလောင်မှုအတွင်း အနည်းဆုံးလူ(၁၃)ဦးသေဆုံးခဲ့ပြီး အခြားလူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာကဖော်ပြခဲ့သည်။
ဆင်ဟွာက"ကယ်ဆယ်ရေးသမားတွေဟာ အခင်းဖြစ်ပွားရာနေရာကိုချက်ချင်းရောက်ရှိလာခဲ့ပြီး (၁၁)နာရီ (၃၈)မိနစ်မှာ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အသက်ရှင်ကျန်ရစ်သူက ဆေးရုံမှာ ဆေးကုသမှုတွေ ဆက်လက်ခံယူနေပြီး အသက်အန္တရာယ်လည်း မစိုးရိမ်ရပါဘူး"ဟု ဖော်ပြခဲ့သည်။
ဒေသတွင်းအာဏာပိုင်များသည် မီးလောင်ကျွမ်းမှုဘာကြောင့်ဖြစ်ပွားရသည်ဆိုသည့်အချက်ကို ဆက်လက်စုံစမ်းစစ်ဆေးနေပြီး ကျောင်းနှင့်ဆက်နွယ်သူ အနည်း ဆုံးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။Yanshanpu ရွာသည် လူ(၁၀)သန်းခန့်နေထိုင်သော Nanyang မြို့ အစွန်အဖျားတွင်တည်ရှိကြောင်းလည်းသိရသည်။ သေဆုံးသူများထဲတွင် ကလေးအရေအတွက် မည်မျှပါသည်ဆိုသည့်အချက်ကို ဆင်ဟွာကဖော်ပြခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်းသိရသည်။ တရုတ်နိုင်ငံရှိ ဆိုရှယ်မီဒီယာအသုံးပြုသူများသည် မီးလောင်ကျွမ်းမှုနှင့်ပတ်သက်ပြီး စိတ်ဆိုးဒေါသဖြစ်ခဲ့ကြပြီး လုံခြုံရေးချိုးဖောက်မှုမှန်သမျှကို အရေးယူပေးရန် တောင်းဆိုခဲ့ကြကြောင်းသိရသည်။
Weibo လူမှုကွန်ရက်စာမျက်နှာတွင် မှတ်ချက်ပေးသူတစ်ဦးက "မိသားစု(၁၃)ခုက ကလေးငယ်(၁၃)ဦးသေဆုံးသွားခဲ့တာ တကယ်ကိုဝမ်းနည်းဖို့ကောင်းပါတယ်။ ဒီမီးလောင်မှုနဲ့ပတ်သက်တဲ့ လူတွေကို ပြင်းထန်တဲ့ပြစ်ဒဏ်တွေ မပေးဘူးဆိုရင် ကလေးတွေရဲ့ စိတ်ဝိညာဉ်တွေက ငြိမ်းချမ်းစွာအနားယူနိုင်မှာမဟုတ်ပါဘူး"ဟု ရေးသားခဲ့သည်။
တရုတ်နိုင်ငံတွင် လုံခြုံရေးစံနှုန်းလျော့ကျမှုနှင့် စည်း ကမ်းလိုက်နာမှုမရှိခြင်းတို့ကြောင့် မီးလောင်မှုနှင့်အခြား လူအသေအပျောက်များသော မတော်တဆမှုများ မကြာ ခဏဖြစ်ပွားလေ့ရှိကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနှင့်စစ်ပွဲအတွက် ပြင်ဆင်ထားသင့်ကြောင်း နေတိုးအဖွဲ့စစ်ရေးကော်မတီဥက္ကဋ္ဌပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း