အက်ရာများကြောင့် ဖြတ်သန်းခွင့်ပိတ်ထားသည့် တာလေတံတားအစား ယာယီဘေလီတံတားမှ ယာဥ်များကို စတင်ဖြတ်သန်းခွင့်ပေးနေ
ယွန်း (NSS) - ဇန်နဝါရီ ၂၀
အက်ရာများကြောင့် ဖြတ်သန်းခွင့်ပိတ်ထားသည့် တာလေတံတားအစား ယာယီဘေလီတံတားမှ ယာဥ်များကို စတင်ဖြတ်သန်းခွင့်ပေးပြီဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP News ကိုပြော သည်။
ယခင်ကဖြစ်ပွားခဲ့သည့် တာလေငလျင်ကြောင့် တံတားတွင် အက်ကြောင်းများဖြစ်ပေါ်ခဲ့ရာမှ ယခုနှစ် ဇန်နဝါရီ လ (၁၈)ရက် နံနက်ပိုင်း၌ တံတားအောက်ခြေကိုရေ တိုက်စားပြီး အောက်ခြေအထိ ရေတိုးဝင်ကာအပေါက်ဖြစ်ခြင်းကြောင့် ကလိုဏ်သဖွယ်ဖြစ်ပေါ်ကာ တံတားတိုင်အစိတ်အပိုင်းတစ်ခုသည် အောက်သို့ (၂)လက်မခန့် နိမ့်ကျသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရှမ်းပြည်နယ်တံတားအထူးအဖွဲ့ (၁၂)က အရှည်ပေ(၉၀)၊ အကျယ်(၁၂)ပေခွဲရှိသည့် ယာယီသံဘေလီတံတားကို အမြန်ဆုံးပြီးစီးအောင် တည်ဆောက်ခဲ့ရာ ဇန်နဝါရီလ(၁၈)ရက်၊ ည(၇)နာရီအချိန်မှစ၍ ယာဉ်အသွားအလာအားလုံးကို ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။
“ဒီနေ့ဖြတ်ခွင့်ပေးတယ်ဆိုတာ မှန်ပါတယ်။ တံတားဟောင်းတော့မဟုတ်ဘူး။ (ယာယီ)ဘေလီတံတားကနေဖြတ်ခွင့်ပေးတာပါ။ (၆)တန်အထိကို ဖြတ်သန်းခွင့်ပေးထားပါတယ်”ဟု အထက်ပါနီးစပ်သူက ပြောသည်။
အဆိုပါ တာလေတံတားသည် ကျိုင်းတုံ - တာချီလိတ်သွားလမ်းပေါ်တွင်ရှိပြီး တာလေမြို့အား ဖြတ်သန်းစီးဆင်းလျက်ရှိသော နမ့်လင်းချောင်း (တာလေချောင်း) ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ကာ အရှည်(၃၂၇) ပေ၊ အကျယ်(၃၀)ပေရှိသော ကျောက်စီကုန်းတံတားအမျိုးအစား ဖြစ်သည်။
တာလေတံတားသည် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းရှိသော ခရီးသွားပြည်သူများနှင့် ကုန်သွယ်ရေးအတွက် အဓိကသွားလာအသုံးပြုနေသည့် တံတားဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ်နိုင်ငံကြား တင်းမာမှုများ အရှိန်လျှော့ချရန် ပါကစ္စတန်နှင့် အီရန်တို့သဘောတူ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း