Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ခရီးသည်အယောင်ဆောင်၍ ယာဉ်ပိုင်ရှင်ဖြစ်သူအား သတ်ဖြတ်ကာ အလောင်းစွန့်ပစ်ပြီးနောက် ကားလုယက်သွားမှု မန္တလေး၌ဖြစ်ပွား

စော(NSS) - ဇန်နဝါရီ ၁၉

ခရီးသည်အယောင်ဆောင်၍ ယာဉ်ပိုင်ရှင်အား သတ်ဖြတ်ကာ အလောင်းစွန့်ပစ်ပြီးနောက် ကားလုယက်သွားမှု မန္တလေးတိုင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ယာဉ်ပိုင်ရှင်ဖြစ်သူ ကိုဆန်းမျိုးမြင့်သည် ယမန်နေ့(ဇန်နဝါ ရီလ ၁၈ ရက်)၊ မွန်းလွဲ (၁)နာရီဝန်းကျင်အချိန်တွင် ခရီးသည် အယောင်ဆောင်ထားသူတစ်ဦးက ဖုန်းဆက်၍ ကားငှားခဲ့သည့်အတွက် မန္တလေး-ပြင်ဦးလွင်သွားလမ်းပေါ်ရှိ (၇)မိုင်ကမ်းခြေ၊ ဒီးဒုတ်ရေပြာအိုင်ဘက်သို့ လိုက်ပါသွားခဲ့ကြောင်း ၎င်း၏မိတ်ဆွေက NSS ကိုပြောသည်။

ထိုသို့ လိုက်ပါသွားခဲ့ပြီးနောက် နေအိမ်သို့ ပြန်ရောက်မလာသည့်အတွက် CCTV မှတ်တမ်းများဖြင့် မိသားစုဝင်နှင့် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေစစ် ဆေးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့စစ်ဆေးစဉ် ယာဉ်ပိုင်ရှင် ကိုဆန်းမျိုးမြင့်သည် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် အုန်းချောတိုးဂိတ်ကို ဖြတ်သန်း၍ မောင်းနှင်သွားခဲ့သော်လည်း ညနေ (၅)နာရီဝန်းကျင်အချိန်တွင် ၎င်းတိုးဂိတ်အား အခြားယာဉ်မောင်းတစ်ဦးက မောင်းနှင်၍ ပြန်လည်ဖြတ်သန်းခဲ့သည်ကို စစ်ဆေးတွေ့ရှိရသည်ဟု ၎င်း၏ မိတ်ဆွေက ပြောသည်။

“သူက ကားငှားလို့ ဒီးဒုတ်ရေပြာအိုင်ဘက်သွားတာ။ လိုင်းပေါ်ကနေဖုန်းဆက်ပြီးတော့ ကားငှားလို့သွားတာ။ လူကတော့ ဆုံးသွားပြီ။ ဒီးဒုတ်ရေပြာအိုင်သွားတဲ့ ဒုက္ခဝတီ မြစ်ဘက်က ချောက်ထဲမှာ အလောင်းကို ပစ်ထားခဲ့တာ။ ကားကလည်း လောလောဆယ်မတွေ့သေးဘူး”ဟု ကိုဆန်းမျိုးမြင့်၏ မိတ်ဆွေက ပြောသည်။

ယာဉ်ပိုင်ရှင်ဖြစ်သူ ကိုဆန်းမျိုးမြင့်သည် လည်ပင်းနှင့် ဝမ်းဗိုက်တို့တွင် ပြတ်ရှဒဏ်ရာနှင့် ထိုးသွင်းဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို ရေပြာအိုင်အနီးရှိ ချောက်တစ်ခုအတွင်း၌ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒါကြီးက ရက်ရက်စက်စက် လုပ်သွားတာ။ ကားလည်းယူသွားတယ်။ လူလည်းအန္တရာယ်ပြုသွားတယ်။ တော်တော်ဆိုးပါတယ်။ ကျွန်တော်တို့ကတော့ ဒီလိုလူမျိုးကို မြန်မြန်ဖမ်းစေချင်တာပေါ့။ သက်ဆိုင်ရာတာဝန်ရှိသူတွေ မြန်မြန်ဖမ်းစေချင်တယ်”ဟု ၎င်းက ထပ်မံပြောသည်။

လက်ရှိတွင် ကိုဆန်းမျိုးမြင့်၏ ရုပ်အလောင်းအား မန္တလေးပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့၌ တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ခေါ်ယူနေ

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved