မော်လမြိုင်မြို့၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး
သန့်ဇင် (NSS) - ဇန်နဝါရီ ၁၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အမျိုးသားတစ်ဦးဆိုင်ကယ်စီးလာစဉ် စလစ်ဖြစ်၍ တစ်ဖက်ယာဉ်ကြောသို့ရောက်ကာ ကားအားဝင်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဇန်နဝါရီလ ၁၈ ရက်)၊ ည ၈နာရီ ၂၀မိနစ်အချိန်တွင် မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ ရွှေမြိုင်ဥယျာဉ် အိမ်ယာရှေ့၊ မြို့ရှောင်လမ်းပေါ်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်က မောင်းလာရင်းနဲ့ သူ့ဟာသူ စလစ်ဖြစ်ပြီး တဖက်ကလာတဲ့ ကားကိုဝင်တိုက်တာပါ”ဟု ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဆိုင်ကယ်ယာဉ် မောင်းဖြစ်သည့် အသက်(၃၀)နှစ်ဝန်းကျင်အမျိုးသားတွင် ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်သမားက ဦးခေါင်းနောက်စေ့ပွင့်သွားတာကြောင့် ပွဲချင်းပြီးဆုံးသွားတယ်။ မိသားစုနဲ့လည်း အဆက်သွယ်ရပါတယ်။ အဲဒီနေရာတွေက ဖြစ်လေ့ရှိတဲ့နေရာတွေပါ”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားအား ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းမှ မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးက အီရန်နိုင်ငံနဲ့လည်း တိုက်ရိုက်စစ်ပွဲဖြစ်ပွားနေကြောင်း အစ္စရေးဝန်ကြီးချုပ်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း