ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲမှုမရှိဘူးဆိုရင် အစ္စရေးနိုင်ငံနဲ့သံတမန်ရေးဆက်ဆံရေး လုပ်ဆောင်မှာမဟုတ်ကြောင်း ဆော်ဒီအာရေဗျအစိုးရပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၉
အစ္စရေးနဲ့ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲမှုမရှိဘူးဆိုရင် အစ္စရေးနိုင်ငံကို အသိမှတ်ပြုဖို့ သံတမန်ဆက်ဆံရေးစာချုပ်လက်မှတ်ရေးထိုးဖို့ ဆွေးနွေးမှုလုပ်ဆောင်မှာမဟုတ်ကြောင်း ဆော်ဒီအာရဗျ သံအမတ်ကြီးကပြောပါတယ်။
ဆော်ဒီအာရေဗျ နိုင်ငံဟာ အစ္စရေးကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိမှတ်ပြုတာမျိုးမရှိသလို ၂၀၂၀ ခုနှစ်က အမေရိကန်အစိုးရက ကြားဝင်စေ့စပ်ခဲ့တဲ့ Abraham Accords မှာလည်း ပူးပေါင်းပါဝင်ခဲ့ခြင်းမရှိခဲ့ကြောင်းသိရပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန်အစိုးရရဲ့ကြားဝင်စေ့စပ်ပေးမှုအရ ဘာရိန်း၊ ယူအေအီး နဲ့ မော်ရိုကို နိုင်ငံတို့ဟာ အစ္စရေးနဲ့သံတမန်ဆက်ဆံရေးတည် ထောင်ခဲ့ကြောင်းသိရပါတယ်။ လက်ရှိအချိန်မှာလည်း အမေရိကန်အစိုးရဟာ ဆော်ဒီအာရေဗျကို အစ္စရေးနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးတည်ထောင်ဖို့ တွန်းအားပေးနေကြောင်းသိရပါတယ်။ အစ္စလာမ်မစ်နိုင်ငံအချို့ဟာ လက်ရှိအချိန်မှာ အစ္စရေးကို နိုင်ငံအဖြစ်အသိမှတ်ပြုခြင်းမရှိဘဲ သံတမန်ဆက်ဆံရေးတည်ထောင်ခြင်းမရှိကြောင်းသိရပါတယ်။
ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား ဘင်ဆယ်မန်က ပါလက်စတိုင်းအရေးဟာ ဆော်ဒီအာရေဗျ နိုင်ငံအတွက်အရေးကြီးကြောင်း ပြောပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အောက်တိုဘာလ ၇ ရက်မှာ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူအနည်းဆုံး (၂)သောင်းကျော်သေဆုံးထားပြီး အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ နိုင်ငံတွေအပါအဝင် ကုလသမဂ္ဂအဖွဲ့က စစ်ပွဲကိုအပစ် ခတ်ရပ်စဲရေးတောင်းဆိုထားပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိ အစ္စရေးဟာ ဟားမက်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ နဲ့ ပြန်ပေးဆွဲခံရသူတွေ ပြန်လွတ်မြောက်စေဖို့ ဂါဇာဒေသကို လက်ရှိအချိန်အထိ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗဟိုဘဏ်က ထိုင်းဘတ်သန်း(၅၀)ကို နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ ယနေ့ရောင်းချပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ