အီရန်-ပါကစ္စတန် တိုက်ခိုက်မှုတွေက အီရန်ကိုဒေသအတွင်းမှာ လူကြိုက်နည်းတာကို ပြသလိုက်ကြောင်း အမေရိကန်သမ္မတပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၉
အီရန်နဲ့ ပါကစ္စတန်နိုင်ငံကြားအပြန်အလှန်ပစ်ခတ်မှုတွေက အီရန်နိုင်ငံကိုဒေသအတွင်းမှာ လူကြိုက်နည်းနေတာကို ပြသလိုက်ခြင်းဖြစ်ကြောင်း၊ အီရန် နဲ့ ပါကစ္စတန်ကြား ဖြစ်ပွားနေတဲ့ပဋိပက္ခတွေကြောင့် အရှေ့အ လယ်ပိုင်းဒေသအတွင်းတင်းမာလာမှာကို မလိုလားကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အီရန်ဟာ ၎င်းနိုင်ငံကို တိုက်ခိုက်နေတဲ့ ပါကစ္စတန်နိုင်ငံအတွင်းရှိ အီရန်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ရာကနေ အီရန်နဲ့ ပါကစ္စတန်ကြား ပိုင်နက်တွေမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်လာခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံကလည်း လက်တုံ့ပြန်မှုအဖြစ် အီရန်ပိုင်နက်အတွင်းရှိ ပါကစ္စတန်ဆန့်ကျင်ရေး လက် နက်ကိုင်အုပ်စုတွေကို ဇန်နဝါရီလ ၁၈ ရက်မှာတိုက် ခိုက်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်သမ္မတက "ကျွန်တော်တွေ့မြင်ရသလောက်တော့ အီရန်ဟာ ဒေသအတွင်း နိုင်ငံတွေထဲမှာ လူကြိုက်နည်းနေတာကို ပြသလိုက်တာပါ"လို့ ပြောပါတယ်။
အမေရိကန်အစိုးရဟာ ပင်လယ်နီဒေသအတွင်းကဖြတ် သန်းနေတဲ့ ကုန်စည်သင်္ဘောတွေကိုတိုက်ခိုက်နေတဲ့ ဟူသီလက်နက်ကိုင်အုပ်စုကို တိုက်ခိုက်နေခြင်းနဲ့ပတ်သက်ပြီး အီရန်နိုင်ငံကို ဝေဖန်ပြစ်တင်နေကြောင်းသိရပါတယ်။ အမေရိကန်အစိုးရဟာ လက်ရှိအချိန်မှာ ပါကစ္စတန် နဲ့ အီရန်နိုင်ငံကြားဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို အနီးကပ်စောင့်ကြည့်နေကြောင်း သိရပါတယ်။
အမေရိကန်အမျိုးသားလုံခြုံရေး အဖွဲ့ပြောရေးဆိုခွင့်ရှိ သူ ဂျွန်ကာဘိုင်က ပါကစ္စတန်နိုင်ငံကို တိုက်ခိုက်လိုက်ခြင်းကြောင့် အီရန်ဟာ ဒေသအတွင်းမတည်ငြိမ်အောင်လုပ်ဆောင်နေတာကို သက်သေပြလိုက်တာဖြစ် ကြောင်း ပြောပါတယ်။ အီရန်ဟာ ပါကစ္စတန်နိုင်ငံအတွင်းရှိ အီရန်ဆန့်ကျင်ရေးအုပ်စုတွေကို ဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့ပြီး ပါကစ္စတန်နိုင်ငံက အီရန်နိုင်ငံအတွင်းရှိ ပါကစ္စတန်ဆန့်ကျင်ရေးလက်နက်ကိုင်အုပ်စုတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းတကော်မြို့ရှိ Farmer စက်သုံးဆီဆိုင်ဝန်းအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ဝန်ထမ်းတစ်ဦး မီးလောင်သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ