အားကစားကဏ္ဍမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ရန် နစကဥက္ကဋ္ဌ နှင့် ဘရားဇီးသံအမတ်တို့ နေပြည်တော်၌ ဆွေးနွေး
ယွန်း (NSS) - ဇန်နဝါရီ ၁၉
အားကစားကဏ္ဍမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဘရားဇီးသံအမတ် H.E. Mr. Gustavo Rocha de Menezes တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ယမန်နေ့(ဇန်နဝါရီလ ၁၈ ရက်)တွင် နစကဥက္ကဋ္ဌထံ ဘရာဇီးနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသော သံအမတ် H.E. Mr. Gustavo Rocha de Menezes သည် ၎င်း၏ သံအမတ်ခန့်အပ်လွှာကို နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့သို့တွေ့ဆုံစဥ် မြန်မာ- ဘရာဇီးနှစ်နိုင်ငံ အားကစားကဏ္ဍမြှင့်တင်ရေး နှင့် စက်မှုနည်းပညာ ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှင့် အပြန်အလှန်ကုန်သွယ်မှုကဏ္ဍမြှင့်တင်ရေးအပါအဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
အလားတူ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ် H.E. Mrs. Aya Saad Mohamed Abdelkarim ကလည်း ယမန်နေ့က ၎င်း၏သံအမတ်ခန့်အပ်လွှာကို နစကဥက္ကဋ္ဌထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဥ် မြန်မာ- အီဂျစ်နှစ်နိုင်ငံ သံတမန်ဆက် ဆံရေးနှင့် ချစ်ကြည်ရေးအပြင် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် ပညာရေးကဏ္ဍတိုးတက်ရေး နှင့် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန် ချစ်ကြည်ရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းရေးကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားအတွက် ဆက်လက်ရပ်တည်သွားရန် ဝန်ကြီး ဦးသန်းဆွေ တိုက်တွန်း
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း