ကမ္ဘာကြီးက အမေရိကန်၏ ဝင်ရောက်စွက်ဖက်မှုများကို ပိုမိုလိုချင်နေကြကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော
Pika (NSS) - ဇန်နဝါရီ ၁၈
ကမ္ဘာတစ်ဝန်း ပထဝီဝင်နိုင်ငံရေး မတည်ငြိမ်မှုများနှင့် နိုင်ငံရေးပဋိပက္ခများက ကမ္ဘာ့နိုင်ငံများကို ၎င်းတို့၏ အကျပ်အတည်းများအား ကိုင်တွယ်ဖြေရှင်းရာတွင် ကူညီပေးရန်အတွက် အမေရိကန်နိုင်ငံထံမှ သံတမန်ရေးအရ ဝင်ရောက်စွက်ဖက်မှုများကို ယခင်ကထက် ပိုမိုလိုအပ်လာစေခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောကြားခဲ့သည်။
အန်တိုနီဘလင်ကန်က "အခြားနိုင်ငံတွေနဲ့ ကျွန်တော်တို့ရဲ့ ထိတွေ့ဆက်ဆံမှုတွေ၊ ခေါင်းဆောင်မှုပိုင်းတွေ၊ မိတ်ဖက်အဖြစ်ဆက်ဆံမှုတွေမှာ ပိုမိုကောင်းမွန်မှုတွေ ရှိလာခဲ့ပါတယ်။ အစ္စရေး-ဟားမက်စစ်ပွဲလိုမျိုး ကမ္ဘာလုံး ဆိုင်ရာစိန်ခေါ်မှုတွေကိုဖြေရှင်းဖို့အတွက် အမေရိကန်နိုင်ငံဟာ ပထဝီဝင်နိုင်ငံရေးမိတ်ဖက်တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ပြန်လည်ပုံဖော်ဖို့ လိုအပ်ပါတယ်" ဟု ပြောခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများမြင့်တက် လာမှုနှင့်အတူ ရုရှား-ယူကရိန်းပဋိပက္ခက လပေါင်း(၂၄)လနီးပါးကြာမြင့်လာချိန်တွင် အန်တိုနီဘလင်ကန်က ယခုကဲ့သို့ မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။
နိုင်ငံအများအပြား၏ အစိုးရများသည် အမေရိကန်နိုင်ငံကို ဖြေရှင်းချက်များရှာဖွေရာတွင် အဓိက သော့ချက်အဖြစ် ရှုမြင်ကြကြောင်း အန်တိုနီဘလင်ကန် က ပြောကြားခဲ့သည်။ အန်တိုနီဘလင်ကန်က "နိုင်ငံတိုင်း နီးပါးဆီကနေ ကြားနေရတာကတော့ သူတို့တွေဟာ အမေရိကန်ရဲ့ဝင်ရောက်စွက်ဖက်မှုတွေကို လိုချင်ကြတယ်ဆိုတဲ့အချက်ပါ ပဲ။ သူတို့က ကျွန်တော်တို့ကို တည်ရှိနေစေချင်တယ်။ ဆွေးနွေးပွဲတွေမှာ ရှိနေစေချင်တယ်။ ဦးဆောင် စေချင်ကြ ပါတယ်။ အမေရိကန်ဟာ အဓိကပြဿနာတစ်ခုကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့လို့ အခြားနိုင်ငံတစ်ခုက ကိုင်တွယ်ခဲ့မယ်ဆိုရင် အမေရိကန်ရဲ့အကျိုးစီးပွားကို ထိခိုက်တာတွေရှိလာစေနိုင်ပါတယ်။ ဒါမှမဟုတ် ဘယ်နိုင်ငံ ကမှ ဦးဆောင်ချင်ကြမှာ မဟုတ်ပါဘူး" ဟု ပြောခဲ့သည်။
ထို့အပြင် သီးခြားစိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် မိတ်ဖက်နိုင်ငံများနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန်၊ ညွန့်ပေါင်းအဖွဲ့အသစ်များတည်ဆောက်ရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကလည်း တွန်းအားပေးခဲ့ကြောင်း အန်တိုနီဘလင်ကန်က ပြောကြားခဲ့သည်။
"ဒီနေ့ခေတ်ရဲ့အကြီးမားဆုံးပြဿနာကတော့ တရုတ်နဲ့ဘယ်လိုဆက်ဆံရမလဲ၊ ရုရှားနဲ့ ဘယ်လိုဆက်ဆံရမလဲဆို တာပါပဲ။ ဒီလိုပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အချက်နဲ့ပတ်သက်ပြီး ဥရောပ၊ အာရှနဲ့ ကမ္ဘာကြီးရဲ့ အခြားအစိတ်အပိုင်းတွေမှာရှိတဲ့ အဓိကမိတ်ဖက်တွေနဲ့ ကျွန်တော်တို့ကြားက ပေါင်းစည်းမှုဟာ ယခင်ကထက် ပိုမိုကောင်းမွန်လာပါတယ်" ဟု အန်တိုနီဘလင်ကန်က ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇန်နဝါရီလ ၁၈ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ