ထိုင်းနိုင်ငံရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၂၃)ဦး သေဆုံး
Pika (NSS) - ဇန်နဝါရီ ၁၈
ထိုင်းနိုင်ငံအလယ်ပိုင်းရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုတွင် ဇန်နဝါရီလ(၁၇)ရက်က ပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၂၃)ဦး သေဆုံးခဲ့ကြောင်း Suphan Buri ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။
ဒေသဆိုင်ရာကယ်ဆယ်ရေးဝန်ဆောင်မှုများမှ မျှဝေထားသော ဓါတ်ပုံများတွင် မြေပြင်ပေါ်မှာ သတ္တုအပျက်အစီး များ ပြန့်ကျဲနေရာ အနက်ရောင်မီးခိုးလုံးကြီးများကို တွေ့မြင်ခဲ့ရသည်။ အဆိုပါပေါက်ကွဲမှုသည် Suphan Buri ပြည်နယ် Sala Khao မြို့အနီးတွင် ညနေ(၃)နာရီအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Suphan Buri ပြည်နယ်အုပ်ချုပ်ရေးမှူး Nattapat Suwanprateep က "ကျွန်တော်တို့ဖောက်ခွဲရေးပစ္စည်းဆိုင်ရာ စီမံကွပ်ကဲမှုအဖွဲ့ထံကနေ အစီရင်ခံစာရရှိခဲ့ပါတယ်။ ဒီပေါက်ကွဲမှုအတွင်းမှာ အနည်းဆုံးလူ (၂၃) ဦး သေဆုံးခဲ့ပါ တယ်" ဟု ပြောခဲ့သည်။
အဆိုပါပေါက်ကွဲမှု ဘာကြောင့်ဖြစ်ပွားရသည်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရ သေးကြောင်း သိရသည်။ ထို့အပြင် ပေါက်ကွဲမှုဖြစ်ပွားရခြင်းအကြောင်းအရင်းများကို တာဝန်ရှိသူများက စုံစမ်း စစ်ဆေးနေကြောင်း Nattapat Suwanprateep က ပြောကြားခဲ့သည်။
"အဲဒီစက်ရုံဟာ တရားဝင်လိုင်စင်နဲ့လည်ပတ်နေတာပါ။ ပေါက်ကွဲမှုများကြောင့် အနီးပတ်ဝန်းကျင်တွင် ပျက်စီးမှု များမရှိခဲ့ကြောင်း၊ အဒီစက်ရုံမှာ နေ့တိုင်း ပျမ်းမျှ လူ(၂ဝ) ကနေ(၃ဝ)လောက်ထိ အလုပ်လုပ်ကြပါတယ်" ဟု ၄င်းက ပြောသည်။
အဆိုပါပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူများ၏ မိသားစုဝင်များအတွက် စိတ်မကောင်းဖြစ်မိကြောင်း ဝန်ကြီးချုပ် ဆာရက်တာသာဗီဆင်က ပြောကြားခဲ့သည်။ ထို့အပြင် မီးရှူးမီးပန်းစက်ရုံမှာ တရားဝင်လည်ပတ်နေခြင်း ဟုတ်/မဟုတ် ဆိုသည့်အချက်နှင့် အဆိုပါဖြစ်ရပ်ဖြစ်ပွားရခြင်းအကြောင်းအရင်းတို့ကို စုံစမ်းစစ်ဆေးရန် ဆာရက်တာသာဗီဆင်က အမိန့်ပေးခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံသို့ MOU အလုပ်သမားများစေလွှတ်ရာတွင် ရန်ကုန် - ဒွန်မောင်းလေဆိပ်မှတစ်ဆင့် စေလွှတ်ခွင့်ပြုထား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း