အမေရိကန်လေကြောင်းလိုင်းမှာ ခရီးသည်က လေယာဉ်မယ်ကို ကိုက်ကာ လေယာဉ်လမ်းကြောင်းပြန်လှည့်ဖို့ တွန်းအားပေးမှုဖြစ်ပွား
ရောင်နီ (NSS) - ဇန်နဝါရီ ၁၇
အမေရိကန်လေကြောင်းလိုင်းမှ ခရီးသည်တစ်ဦးဟာ ဆီယက်တဲလ်ကို ထွက်ခွာနေတဲ့ ခရီးစဉ်မှ တိုကျိုကို လေယာဉ်လမ်းကြောင်း ပြန်လှည့်ဖို့အတွက် တွန်းအားပေးတဲ့အနေနဲ့ အင်္ဂါနေ့(ဇန်နဝါရီ ၁၆ ရက်) က လေယာဉ်အမှုထမ်းအမျိုးသမီးတစ်ဦးကို ကိုက်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်ဟာ All Nippon Airways (ANA) လေယာဉ် အမှတ် ANA 118 မှာ ဖြစ်ပွားခဲ့တာပါ။
လေယာဉ်ဟာ တိုကျိုမြို့ Haneda လေဆိပ်မှ ည ၉ နာရီ ၄၇ မိနစ်မှာ ဆီယက်တဲလ်ကို ပျံသန်း ထွက်ခွာခဲ့ပါတယ်။ ဖြစ်ရပ်ကတော့ လေယာဉ်စပျံပြီး တစ်နာရီကျော်ခန့်အကြာမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ပျံသန်းမှုခြေရာခံဝက်ဘ်ဆိုက် Flightradar24 အရ သိရပါတယ်။
အဆိုပါအနှောင့်အယှက်ကြောင့် လေယာဉ်ဟာ ဂျပန်မြို့တော်ကို ပြန်လည်ဆင်းသက်ခဲ့ရပြီး အဆိုပါ လေယာဉ်မယ်ကို ကိုက်ဖြတ်ခဲ့တဲ့ ခရီးသည်အမျိုးသားကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။
အကိုက်ခံရတဲ့ လေယာဥ်အမှုထမ်း အမျိုးသမီးဟာလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
တိုကျိုမြို့တော်ရဲဌာနက အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ပြောကြားခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒီဖြစ်ရပ်ဟာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၂၂ ခုနှစ်ကလည်း ခရီးသည်နှစ်ဦးကို အမေရိကန် လေကြောင်းလိုင်း၊ Delta Air Lines မှာ လေယာဉ်အမှုထမ်းတွေနဲ့ အခြားခရီးသည်တွေကို ထိခိုက်စေမှုအတွက် ဒဏ်ကြေးငွေများ ချမှတ်ခံခဲ့ရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သိပ္ပံပညာရှင်တွေ ဖန်တီးထားတဲ့ သက်ရှိမျောက်တစ်ကောင် အသက် ၃ နှစ်ပြည့်ပြီ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း