ပရီးမီးယားလိဂ်မှာ ကစားလိုကြောင်း ထုတ်ဖော်ပြောဆိုလာတဲ့ နာပိုလီတိုက်စစ်မှူး ဗစ်တာအိုရှီမန်
Pika (NSS) - ဇန်နဝါရီ ၁၇
နာပိုလီအသင်းတိုက်စစ်မှူး ဗစ်တာအိုရှီမန်သည် ချဲလ်ဆီးအသင်း နှင့် အာဆင်နယ်အသင်းတို့၏ စိတ်ဝင်စားမှုများ ရှိနေသည့်ကြားက တစ်နေ့တွင် ပရီးမီးယားလိဂ်မှာ ကစားလိုကြောင်း ထုတ်ဖော်ပြောခဲ့သည်။
နာပိုလီအသင်းတွင် ၂ဝ၂၆ ခုနှစ်မတိုင်မီအချိန်အထိ ကစားရန် စာချုပ်သက်တမ်း တစ်နှစ်ထပ်တိုးခဲ့သော ဗစ်တာ အိုရှီမန်က ၎င်းသည် လာမည့်အနာဂတ်တွင် ပရီးမီးယားလိဂ်မှာ ကစားလိုကြောင်း ထုတ်ဖော်ပြောခဲ့ခြင်းဖြစ်သည်။ ဗစ်တာအိုရှီမန်သည် ပြီးခဲ့သည့်လအနည်းငယ်အတွင်း ချဲလ်ဆီးနှင့်အာဆင်နယ်အသင်းတို့ အပါအဝင် ဥရောပထိပ်တန်းကလပ်အများအပြား နှင့် ချိတ်ဆက်မှုများရှိခဲ့ကြောင်းလည်း သိရသည်။
ဗစ်တာအိုရှီမန်က "ကျွန်တော် နာပိုလီဥက္ကဋ္ဌနဲ့ တကယ်ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိပါတယ်။ ကျွန်တော် မလိမ်ပါဘူး။ ၂ဝ၂ဝ ပြည့်နှစ်မှာ နာပိုလီအသင်းနဲ့ စာချုပ်ချုပ်ဆိုတည်းက ဥက္ကဋ္ဌနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေ ရှိခဲ့တာပါ။ သူ့ရဲ့မိသားစုနဲ့လည်း ကျွန်တော်နွေးထွေးတဲ့ဆက်ဆံရေးတွေရှိပါတယ်။ ကျွန်တော့်အတွက်တော့ နာပိုလီဥက္ကဋ္ဌ (Aurelio De Laurentiis) ဟာ ကစားကွင်းအပြင်မှာကော ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ပေးခဲ့တဲ့ ဥက္ကဋ္ဌ မျိုးဖြစ်ပါတယ်။ နာပိုလီအသင်းအတွက် Scudetto ဆုဖလားကို ရရှိနိုင်ဖို့ ကျွန်တော်အကောင်းဆုံးကြိုးစားပေးနေ ပါတယ်။ ဒီလိုကလပ်ပိုင်ရှင်မျိုးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့၊ ပျော်ရွှင်ရဖို့က အမြဲတမ်း အရေးကြီးပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် ပရီးမီးယားလိဂ်တွင် ကစားလိုသလားဆိုသည့်မေးခွန်းများကို ဗစ်တာအိုရှီမန်က ဖြေဆိုခဲ့ကြောင်းလည်း သိရသည်။ "တစ်နေ့မှာတော့ ပရီးမီးယားလိဂ်မှာ ကစားချင်တယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့်လည်း လက်ရှိ အချိန်မှာတော့ ကျွန်တော်မျှော်လင့်ထားတဲ့ကစားသမားဘဝအတွက် အခြားအစီအစဉ်တွေ ရှိပါသေးတယ်။ ဒါကြောင့် အချိန်ကျလာရင် လူတိုင်းသိသွားမှာပါ" ဟု ၎င်းက ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇန်နဝါရီလ ၁၇ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းများ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း