တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်စစ်ဘက်ပြော
Pika (NSS) - ဇန်နဝါရီ ၁၇
ဖိလစ်ပိုင်အစိုးရသည် ၎င်း၏တပ်ဖွဲ့ဝင်များနေထိုင်ရန် သင့်လျော်သောနေရာများကို ဖန်တီးရန်အတွက် တောင်တရုတ်ပင်လယ်အတွင်းရှိ ၎င်း၏ ပိုင်နက်နယ်မြေဟုယူဆထားသောကျွန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်စစ်ဦးစီးချုပ် ရိုမီယိုဘရောင်နာက ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံကြား တင်းမာမှုများမြင့်တက်လာချိန်တွင် အဆိုပါအစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဖိလစ်ပိုင် နှင့် တရုတ်တို့သည် ရေပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက် ပြီး ရှည်လျားသောသမိုင်းကြောင်းများရှိပြီး မကြာသေးမီကဖြစ်ပွားခဲ့သော နှစ်ဖက်စလုံးမှာ သင်္ဘောများ တိုက်မိမှု နှင့်ပတ်သက်ပြီး ဆက်ဆံရေးများ ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖိလစ်ပိုင်အစိုးရသည် Second Thomas Shoal ကျွန်းမှလွဲပြီး တောင်တရုတ်ပင်လယ်အတွင်းရှိ အခြားကျွန်း(၈) ကျွန်းကို ပိုင်ဆိုင်ကြောင်း ပြောဆိုထားကာ ၎င်းတို့၏ သီးသန့်စီးပွားရေးဇုန် တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ထား ကြောင်း သိရသည်။
ရိုမီယိုဘရောင်နာ က "ကျွန်တော်တို့သိမ်းယူထားတဲ့ ကျွန်း(၉)ကျွန်းစလုံးကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင် ချင်ပါတယ်" ဟု ပြောခဲ့သည်။ အဆိုပါကျွန်းများထဲတွင် တောင်တရုတ်ပင်လယ်အတွင်းအကြီးဆုံး နှင့် မဟာဗျူဟာ မြောက် အရေးအကြီးဆုံးကျွန်းတစ်ခုဖြစ်သည့် Thitu ကျွန်း ပါဝင်ကြောင်းလည်း သိရသည်။
Thitu ကျွန်းသည် ဖိလစ်ပိုင်နိုင်ငံ Palawan ပြည်နယ်အနောက်ဘက် (၄၈၀)ကီလိုမီတာအကွာတွင် တည်ရှိ ကြောင်းလည်း သိရသည်။ ထို့အပြင် Second Thomas Shoal တွင် သောင်တင်နေသော စစ်သင်္ဘောပေါ်မှာ တပ်စွဲ ထားသည့် ဖိလစ်ပိုင်တပ်ဖွဲ့များအတွက် ရေသန့်စင်စက်များကို စစ်တပ်က ယူဆောင်လာပေးလိုကြောင်း ရိုမီယိုဘရောင်နာက ပြောကြားခဲ့သည်။
Thitu နှင့် Nanshan ကျွန်းတို့သည် ရေသန့်စင်စက်များနှင့် ဆက်သွယ်ရေးပစ္စည်းများ ထားရှိပေးမည့် ကျွန်းများ ထဲတွင် ပါဝင်ကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။ "စစ်သားတွေရဲ့နေထိုင်မှုအခြေအနေဟာ ကောင်းမွန်မှုမရှိတာ ကြောင့် ဒီထက်ပိုကောင်းတဲ့နေရာတစ်ခုဖြစ်အောင် လုပ်ပေးဖို့ ကျွန်တော်တို့ကြိုးပမ်းနေပါတယ်" ဟု ၎င်းက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကောင်းဆုံးဟာသသရုပ်ဆောင် အမ်မီဆုကို နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးရရှိတဲ့ လူမည်းအမျိုးသမီးအဖြစ် ကွင်တာဘရူဆန်မှ ရရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ