မြောက်ဥက္ကလာပမြို့နယ်၌ ဖြစ်ပွားခဲ့သော မီးလောင်မှုတွင် MG EV ကား လောင်ကျွမ်းခံရမှုသည် ကူးစက်မီးကြောင့်ဟု ပြန်လည်ဖြေရှင်း
သန့်ဇင် (NSS) - ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုဖြစ်စဉ်တွင် MG EV ကား လောင်ကျွမ်းခံရမှုသည် ကူးစက်မီးကြောင့်ဖြစ်ကြောင်း MG Myanmar က ပြန်လည်ဖြေရှင်းထားသည်။
MG အမှတ်တံဆိပ် EV ကားများ ဖြန့်ဖြူးရောင်းချသော MG Myanmar က ဇန်နဝါရီလ ၁၄ ရက်တွင် အထက်ပါကဲ့သို့ ပြန်လည်ဖြေရှင်းထားခြင်းဖြစ်သည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်သည် ပြီးခဲ့သော ဇန်နဝါရီလ ၁၂ ရက်၊ နံနက် ၉ နာရီဝန်းကျင်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ အိန္ဒြာ(၁၂)လမ်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မီးလောင်မှုဖြစ်စဉ်တွင် ပျဉ်ထောင်အိမ်တစ်လုံး၊ (၄)ထပ်တိုက်တစ်လုံး နှင့် MG EV ကားတစ်စီးအပါအဝင် အိမ်းစီးကားတစ်စီးတို့ မီးလောင်ဆုံးရှုံးခဲ့ရသည်။
အဆိုပါ MG EV ကားပိုင်ရှင်သည် MG Myanmar ၏ သက် ဆိုင်ရာဝန်ထမ်းများထံသို့ ဆက်သွယ်အကြောင်းကြားခဲ့သည့်အတွက် မီးလောင်မှုဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာဝန်ထမ်းများက သွားရောက်ကာ မီးကူးစက်လောင် ကျွမ်းခံရသော MG EV ကား၏ ဘေးအန္တရာယ်ကင်းရှင်းမှုဆိုင်ရာ စစ်ဆေးမှုများကို ပြုလုပ်၍ လိုအပ်သည်များကို ပံ့ပိုးကူးညီပေးခဲ့ကြောင်း သိရသည်။
ထို့နောက် MG EV ယာဉ်ပိုင်ရှင်၏ ပြောကြားအတည်ပြုချက်နှင့် မြေပြင်စစ်ဆေးမှု ရလဒ်များအရ MG EV ကားလောင်ကျွမ်းခံရမှုသည် ကူးစက်မီးကြောင့်သာဖြစ်ပြီး MG EV ကား၏ အားသွင်းနေစဉ်အတွင်းနှင့် နည်းပညာချို့ယွင်းချက်များကြောင့် လောင် ကျွမ်းခဲ့ခြင်းမျိုးမဟုတ်ကြောင်း စစ်ဆေးတွေ့ရှိသည်ဟု ဖြေရှင်းထားသည်။
ထို့ကြောင့် မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ MG EV ကြောင့် မီးလောင်ကျွမ်းသည်ဟူ၍ လူမှုကွန်ယက် Social Media များတွင် မဟုတ်မမှန်သတင်းများရေးသားပြောဆိုနေကြသည်မှာ မှန်ကန်မှုမရှိပါကြောင်းနှင့် မဟုတ်မမှန်သတင်းများ ဆက်လက်ရေးသားပြောဆိုမှုများ မပြုလုပ်ကြရန် MG Myanmar က မေတ္တာရပ်ခံထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အွန်လိုင်း၌ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုမှုအပါအဝင် လိင်အသားပေးကိစ္စရပ်များတင်ခြင်းကို တားမြစ်အရေးယူရန် နစက စီစဉ်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း