အွန်လိုင်း၌ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုမှုအပါအဝင် လိင်အသားပေးကိစ္စရပ်များတင်ခြင်းကို တားမြစ်အရေးယူရန် နစက စီစဉ်နေ
မြူနစ် (NSS) - ဇန်နဝါရီ ၁၆
အွန်လိုင်း၌ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုမှုအပါအဝင် လိင်အသားပေးကိစ္စရပ်များတင်ခြင်းကို တားမြစ်အရေးယူရန် စီစဉ်နေကြောင်း နစက၏သတင်းအချက်အလက်များအရ သိရသည်။
အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာများတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်း အပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူဆောင်ရွက်နိုင်ရေး ကော်မတီတစ်ရပ်ကို နစကမှ ပြီးခဲ့သောလပိုင်းအတွင်း၌ ဖွဲ့စည်းထားသည်။
အဆိုပါကော်မတီတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည်ဖြစ်ပြီး ဒုဥက္ကဋ္ဌအဖြစ် ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဒုဝန်ကြီးက ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေး မှုနှင့် ကိုက်ညီမှုမရှိသည့် မဖွယ်မရာပုံများ၊ ဗီဒီယိုများနှင့် လိင်အသားပေးကိစ္စရပ်များတင်ခြင်းအပါအဝင် နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းများကို ဥပဒေကြောင်းအရ တားမြစ်နိုင်ရေး၊ ဖော်ထုတ်အရေးယူနိုင်ရေးအတွက် ဖွဲ့စည်းခြင်းဖြစ်ကြောင်း နစကမှ ဆိုသည်။
အွန်လိုင်းပေါ်တွင် နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်း၊ လိင်အသားပေးကိစ္စရပ်များကို တင်ခြင်း စသောဆောင်ရွက်မှုဖြစ် စဉ်များကို နည်းပညာကျွမ်းကျင်သည့်ပညာရှင်များ ပါဝင်သောအဖွဲ့ ဖွဲ့စည်းကာ (၂၄)နာရီစောင့်ကြည့်သွားရန် ၎င်းကော်မတီကို နစကမှ တာဝန်ပေးထားသည်။
ထို့ပြင် နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းများအပါအဝင် လိင်အသားပေးကိစ္စရပ်များကို ပို့စ်တင်ခြင်း၊ ထုတ်လွှင့်ခြင်း၊ မျှဝေခြင်း၊ အားပေးအားမြှောက်ပြုခြင်းများ ဆောင်ရွက်နေမှုအပေါ် နည်းပညာအရ ရှာဖွေဖော်ထုတ်ကာ ကျူးလွန်သူများကို တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူသွားရန်လည်း ကော်မတီကို တာဝန်ပေးထားသည်။
ထို့အတူ အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားဖော်ပြနေမှုများအတွက် အဖွဲ့ဖွဲ့စည်း၍ တန်ပြန်ဆောင်ရွက်သွားရန်လည်း နစကမှ ယင်းကော်မတီအား ထပ်မံတာဝန်ပေးထားသည်။
လက်ရှိတွင် နစက၏ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော ညစ်ညမ်းသည့်အပြော အဆိုများ၊ အပြုအမူများပါဝင်သည့် တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်မှုများကိုလည်း အရေးယူသွားမည်ဟု ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ သတိပေးထုတ်ပြန်ခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံက သတိပေးနေပေမယ့် ကုန်စည်သင်္ဘောတစ်စီးကို ဟူသီလက်နက်ကိုင်အုပ်စု ထပ်မံတိုက်ခိုက်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း