ဓမ္မစေတီခေါင်းလောင်းကြီးကို ထပ်မံ ဆယ်ယူရန်အတွက် စာတင်ထားဟု ဦးစံလင်းဆို
Pearl (NSS) - ဇန်နဝါရီ ၁၆
ဓမ္မစေတီခေါင်းလောင်းကြီးကို ထပ်မံဆယ်ယူရန်အတွက် စာတင်ထားကြောင်း ခေါင်းလောင်းကြီးကို ဆယ်ယူရန်အတွက် ထပ်မံ ကြိုးစားသူ ဦးစံလင်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်းကလည်း ဦးစံလင်း နှင့် အဖွဲ့သည်ဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ယူရန်ကြိုးပမ်းခဲ့ပြီး NLD အစိုးရ လက်ထက်တွင်လည်း ခေါင်းလောင်းကြီးကို ဆယ်ယူရန် စာပို့တင်ပြခဲ့ဖူးသည်။ ယခု တစ်ကြိမ်တွင် နစက ဥက္ကဋ္ဌထံ လိပ်မူပြီး ထပ်မံဆယ်ယူခွင့်ရရှိရန်အတွက် တင်ပြခဲ့ခြင်းဖြစ်သည်။
ခွင့်ပြုချက်ရရှိပါက ခေါင်းလောင်းတော်ကြီး တူးဖော်ခြင်းလုပ် ငန်းကို ဆောင်ရွက်မည်ဖြစ်ကာ (၁၀)ရက်အတွင်း ကြိုးချည်ပြီး နောက် (၁၀)ရက်အတွင်း ခေါင်းလောင်းတော်ကြီး ကုန်းတော်ပေါ်သို့ရောက်ရှိရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြော သည်။
"ခွင့်ပြုချက်ရပြီဆိုတာနဲ့ ဘယ်အချိန် ဖော်ဖော်ရတယ်။ နွေဆိုရင်တော့ နွံများတယ်၊ မိုးရာသီဆိုရင်တော့ ရှင်းတယ်။ ရက် (၂၀)လို့ မှန်းထားပေမယ့် နွေဆိုရင် တစ်လလောက်ကြာမယ်။ ရေငုပ်သမားတွေကိုတော့ ကော့သောင်းက လူဟောင်းတွေပဲ ပြန်ခေါ်မယ်"ဟု ဦးစံလင်းက NSS ကို ပြောသည်။
ခေါင်းလောင်းဆယ်ယူရန်အတွက် နိုင်ငံတော်မှ ဆွဲ/တွန်း သင်္ဘော Tugboat (၂)စီး၊ ခေါင်းလောင်းကြီးကိုလေသွင်း ဆယ်ယူရန်အတွက် Barge (၂)စီး၊ 3st Steel Wire ကြိုး (၂)ခွေ၊ နိုင်လွန်ကြိုး (၂)ခွေနှင့် အခြားလိုအပ်သော ပစ္စည်းများကို ဆောင်ရွက်ပေးရန် နှင့် သောင်တူးရေယာဉ် (၁၇၀၁)ကို ပူးတွဲ လုပ်ပိုင်ခွင့် ချမှတ်ပေးရန်လည်း ဦးစံလင်း၏ ခွင့်ပြုချက်တောင်း ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။
"ဒီခေါင်းလောင်းကြီး ဆယ်ယူရေး နဲ့ ပတ်သက်လို့ အသက်နဲ့ ထပ်တူ ယုံကြည်ထားတယ်။ ခေါင်းလောင်းကို သတ်မှတ်ရက် အတွင်း မတွေ့ရင် လူပုံအလယ်မှာ သေနတ်နဲ့ပစ်သတ်လို့ရတယ်"ဟု ဦးစံလင်းက ပြောသည်။
ခေါင်းလောင်းကြီးကို လေသွင်းဆယ်ယူပြီးနောက် အဆင့်ဆင့် သယ်ယူမှုများလုပ်ဆောင်မှုအပြီး ဖေဖော်ဝါရီလ သို့မဟုတ် မတ်လအတွင်း ရွှေတိဂုံစေတီတော်သို့ တင်လှူပူဇော်လိုကြောင်းလည်း ၎င်းကပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရခိုင်ပြည်နယ်၏ အဓိကလေကြောင်း ဝင်ပေါက်ဖြစ်သော စစ်တွေလေဆိပ်အနီးတွင် ပေါက်ကွဲမှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ