မန္တလေးတိုင်းအတွင်း ငွေကျပ်(၅)ဘီလျံနီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိပြီး ကွင်းဆက်များကို ဆက်လက် ဖော်ထုတ်နေ
Pearl (NSS) - ဇန်နဝါရီ ၁၆
မန္တလေးတိုင်းအတွင်း ငွေကျပ် (၅)ဘီလျံနီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များကို ဆက်လက် ဖော်ထုတ်နေကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သော ဇန်နဝါရီလ ၈ ရက်၊ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ ၅၂ x ၅၃ လမ်းကြား၊ ၁၃၉(A) လမ်းရှိ ဂိုဒေါင်ကို သတင်းအရရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေရာ ဆာဦး နှင့် မိုင်းအိုက်ကျင်တို့ (၂)ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ဒသမ ၁ သိန်း၊ ပလတ်စတစ်ဆပ်ပြာခွက် ၉၂၄၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၉၂ ဒသမ ၄ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ဇန်နဝါရီလ ၉ ရက်တွင် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်နေ လှသိန်းအား ဘိန်းဖြူ ၄ ဒသမ ၄ ကီလိုနှင့်လည်းကောင်း၊ ဇန်နဝါရီလ ၁၀ ရက်တွင် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ အမှတ်(၃)ရပ်ကွက်ရှိ ဟိန်းလတ် နှင့် မအေးအေးအောင်တို့၏ စိုက်ပျိုးမွေးမြူရေးခြံမှ ဘိန်း ဖြူ ၄ ဒသမ ၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်းအား လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ အသီးသီးဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၉၄၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၁ သိန်း၊ ဘိန်းဖြူ ၁၀၁ ဒသမ ၂ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူ နှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းသို့သယ် ဆောင်ပြီး ၎င်းမှတစ်ဆင့် ကချင်ပြည်နယ်သို့ ဆက်လက်သယ် ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသည်ဟု ရဲတပ်ဖွဲ့မှ ဆိုသည်။
လက်ရှိတွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဓနုအမျိုးသားအဖွဲ့ချုပ်ပါတီ၏ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းကို ပယ်ဖျက်လိုက်ကြောင်း UEC ကြေညာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း