အရီဇိုးနား သဲကန္တာရမှာ မီးပုံးပျံ ပျက်ကျမှုကြောင့် လူ ၄ ဦး သေဆုံး
ရောင်နီ (NSS) - ဇန်နဝါရီ ၁၆
အရီဇိုးနား သဲကန္တာရမှာ ပျံသန်းနေတဲ့မီးပုံးပျံတစ်ခု တနင်္ဂနွေနေ့(ဇန်နဝါရီ ၁၄ ရက်) က ပျက်ကျပြီး ကျန်ခရီးသည် လေးဦး သေဆုံးကာ အခြားတစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဖြစ်အပျက်ဟာ ဖီးနစ်မြို့တောင်ဘက် ၆၅ မိုင်ခန့်အကွာ ရှိ အီလွိုင်းမြို့၊ Sunshine Boulevard နဲ့ Hanna Road အရှေ့ဘက် ကန္တာရနယ်မြေမှာ တနင်္ဂနွေနေ့ နံနက် ၇ နာရီ ၅ဝ မိနစ်ခန့်က ဖြစ်ပွားခဲ့တယ်လို့ ဒေသဆိုင်ရာ ရဲဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါမီးပုံးပျံမှာ မီးပုံးပျံအော်ပရေတာတစ်ဦး၊ ခရီးသည် လေးဦးနဲ့ မိုးပျံ ဒိုင်ဗင်သမား ရှစ်ဦး၊ စုစုပေါင်း အရွယ်ရောက်ပြီးသူ ၁၃ ဦးကို တင်ဆောင်ထားတာဖြစ်တယ်လို့ အီလွိုင်း Eloy မြို့တော်ဝန် မီချက်ပိုဝဲလ် က ပြောကြားပါတယ်။
မီးပုံးပျံပျက်ကျရတဲ့အကြောင်းအရင်း အတိအကျကို မသိရသေးပါဘူး။ လူတစ်ဦးဟာ အခင်းဖြစ်နေရာတင် သေဆုံးသွားပြီး အခြား ၃ ဦးလည်း ဆေးရုံကို ပို့ဆောင်ပြီးနောက် သေဆုံးသွားခဲ့တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
အဆိုပါမီးပုံးပျံဟာ Cameron Balloons မှ ထုတ်လုပ်တဲ့ A-160 ခရီးသည်တင် မီးပုံးပျံဖြစ်ပြီး မောင်းနှင်သူတစ်ဦး၊ စီးနင်းသူ ခုနှစ်ဦးအထိသာ တင်ဆောင်နိုင်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆေးရုံတက်ရောက်ကုသနေရတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဆေးရုံက ပြန်ဆင်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း