ကျောက်တော်မြို့နယ်၌ AA ပူးပေါင်းအဖွဲ့နှင့် တပ်မ တော်အကြား တိုက်ပွဲပြင်းထန်
မြူနစ် (NSS) - ဇန်နဝါရီ ၁၄
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၌ AA ပူးပေါင်းအဖွဲ့နှင့် တပ်မတော်တို့အကြားတွင် တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။
ရခိုင်လက်နက်ကိုင်အဖွဲ့ AA ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်အနီးရှိ ခမရ (၅၃၉)ကို ဝိုင်းဝန်းပိတ်ဆို့ကာ တိုက်ခိုက်နေလျက်ရှိကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NSS ကို ပြောသည်။
ယနေ့(ဇန်နဝါရီလ ၁၄ ရက်)တွင် ခမရ (၅၃၉)အား AA ပူးပေါင်းအဖွဲ့က ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေသည်မှာ (၃)ကြိမ်ထက် မနည်းရှိနေပြီဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောသည်။
“ကန်ဇောဇေတောင်မှာရှိတဲ့ ခမရ (၅၃၉)ကို သူတို့က ၁၁ ရက်နေ့ထဲက တိုက်နေတာ။ အဲဒီနေ့မှာပဲ သူတို့ ပြန်ဆုတ်သွားတယ်။ ဆုတ်ပြီးတော့ ဒီနေ့မှာတော့ သူတို့ အလုံးအရင်းနဲ့ လာတိုက်နေတာ။ အခုက ပတ်ပတ် လည်အဝိုင်းခံရသလို ဖြစ်နေတာ။ တိုက်ပွဲကတော့ ပြင်းထန်နေတယ်။ ထိခိုက်တာတွေလည်း ရှိနေတယ်။ စစ်ကူတော့ လိုနေတဲ့သဘောမှာရှိတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
အဆိုပါ ခမရ(၅၃၉)ကို AA လက်နက်ကိုင်အဖွဲ့နှင့်အတူ အခြားသောတိုင်းရင်းသားလက်နက်ကိုင်များက ပူး ပေါင်းတိုက်ခိုက်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယမန်နေ့တွင်လည်း ကန်စောက်တောင်အနီးရှိ အမြောက်တပ်စခန်းတစ်ခုသည်လည်း လုံခြုံရေးအခြေအနေအရ ဆုတ်ခွာပေးခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောသည်။
“အခုက ပတ်ပတ်လည် အဝိုင်းခံနေရတော့ အဲဒီမှာက ရဲမေတွေ၊ ကလေးတွေရှိတယ်။ သူတို့အတွက် အရမ်းကို အန္တရာယ်များတယ်။ လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူကလည်း အရမ်းမထိရောက်သလိုတော့ ဖြစ်နေတယ်။ အဲဒီလို ပစ်ပြီးတာနဲ့ သူတို့ကလည်း ပြန်ဝိုင်းတိုက်တာပဲ။ ဒီညဆိုရင် စိုးရိမ်ရတယ်။ အင်အားက တော့ တော်တော်လေးကို များတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ထပ်မံပြောသည်။
MNDAA၊ TNLA၊ AA မြောက်ပိုင်းမဟာမိတ်လက်နက် ကိုင်(၃)ဖွဲ့သည် ပြီးခဲ့သော ၂၀၂၃ ခုနှစ် အောက်တိုဘာ လ ၂၇ ရက်တွင် ရှမ်းမြောက်ဒေသ၌ တိုက်ပွဲများ စတင်ဖော်ဆောင်ခဲ့ပြီး ဇန်နဝါရီလ ၁၁ ရက်တွင် နှစ်ဖက်အကြား အပစ်အခတ်များ ရပ်စဲထားသည်။
ထိုသို့ရှမ်းမြောက်ဒေသ၌ အပစ်အခတ်ရပ်စဲထားပြီးနောက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း၌ တပ်မတော်နှင့် AA လက်နက်ကိုင်ပူးပေါင်းအဖွဲ့များကြား တိုက်ပွဲများပိုမိုပြင်းထန်လာကြောင်း တွေ့ရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇန်နဝါရီ ၁၄ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းများ စုစည်းတင်ဆက်မှု
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ