တရုတ်အစိုးရက ကန့်ကွက်နေပေမယ့် ထိုင်ဝမ်ကို အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တရားဝင် သွားရောက်မယ်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၄
တရုတ်အစိုးရက ကန့်ကွက်မှုတွေရှိနေပေမယ့် အမေရိက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်ဝမ်ကို သွားရောက်ဖွယ်ရှိနေကြောင်း သိရပါတယ်။
ထိုင်ဝမ်သမ္မတအသစ်ဖြစ်လာမယ့် Lai Ching-te ကျမ်းသစ္စာကျိန်ဆိုပွဲပြီးဆုံးချိန်မှာ အမေရိကန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်ဝမ်ကိုသွားရောက်မှာဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သူ မိုက်ဂျွန်ဆင်က "လုံခြုံရေး၊ ဒီမိုကရေစီအရေးတို့နဲ့ပတ်သက်ပြီး လွှတ်တော်ရဲ့ကတိတွေကို ဆက်လက် အကောင်ထည်ဖော်ဖို့ လုပ်ဆောင်သွားမယ်။ အောက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်ဝမ်ကို သွားရောက် မှာဖြစ်တယ်" လို့ ဆိုပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်ဖြစ်တယ်လို့ပြောဆိုထားပြီး ထိုင်ဝမ်ကို အမေရိကန်အစိုးရ တာဝန်ရှိသူ များနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တရားဝင်သွားရောက်ခြင်းကို ဆန့်ကျင်ကန့်ကွက်မှုတွေ လုပ်ဆောင်နေပါ တယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူမာအိုနင် က "ကမ္ဘာမှာ တရုတ်တစ်နိုင်ငံတည်း ရှိနေပါတယ်။ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ပိုင်နက်အစိတ်အပိုင်း မျှသာဖြစ်တယ်။ တရုတ်အစိုးရဟာ ထိုင်ဝမ်ဒေသနဲ့ အမေရိကန်နိုင်ငံကြား အပြန်အလှန်ဆက်သွယ်မှုတိုင်းကို ကန့်ကွက်ပါတယ်" လို့ ပြောပါတယ်။
အမေရိကန်အစိုးရက ၎င်းတို့ဟာ ထိုင်ဝမ်ရဲ့လွှတ်လပ်ရေးကို ထောက်ခံမှာ မဟုတ်ကြောင်း ပြောဆိုထားပေမယ့် ထိုင်ဝမ်ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်တဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတိပေးပြောဆိုခဲ့ပါတယ်။
တရုတ်အစိုးရဟာ ထိုင်ဝမ်ပြည်သူတွေကို အာဏာရပါတီရဲ့သမ္မတလောင်းဖြစ်တဲ့ Lai Ching-te ကို မဲ မပေးဖို့ ရွေးကောက်ပွဲမတိုင်ခင်က တိုက်တွန်းခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ Lai Ching-te ဟာ သမ္မတအဖြစ် ရွေးချယ် ခံခဲ့ရကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျိုက္ခမီ-စက်စဲသွားကားလမ်းပေါ်၌ အမျိုးသားတစ်ဦး ကားကြိတ်ခံရ၍ သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ