ဂျပန်မှာ ငလျင်လှုပ်ခတ်မှုမှ ပြန်လည်သက်သာဖို့ လူ ၃ဝ ကျော် ရေခဲရေ ချိုးပြီး ဆုတောင်း
ရောင်နီ (NSS) - ဇန်နဝါရီ ၁၄
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Kanda Myojin Shrine မှာ ကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ ဂျပန်ရဲ့ငလျင်လှုပ်ခတ်မှုမှ ပြန်လည်ထူထောင်ရေးအတွက် ရည်ရွယ်ပြီး လူ ၃ဝ ကျော်ခန့် ရေခဲရေချိုးကာ ဆုတောင်းပွဲတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။
အတွင်းခံ ဘောင်းဘီဝတ်ထားတဲ့ အမျိုးသား ၂၈ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ဟာ ရေခဲတုံးတွေနဲ့ပြည့်နေတဲ့ ရေကန်ထဲသို့ဝင်ကာ ၎င်းတို့ခန္ဓာကိုယ်ပေါ်ကို အေးခဲရေတွေ ပက်ဖြန်းခဲ့ကြပါတယ်။ "ကျွန်မတို့နှစ်သစ်ရဲ့ အလွန် ဝမ်းနည်းစရာကောင်းတဲ့ အစပြုမှု(ငလျင်လှုတ်ခတ်ခဲ့ခြင်းကို ဆိုလိုသည်) မှ ပြန်လည်ကျန်းမာလာဖို့ ဆုတောင်း ပေးဖို့အတွက် ဒီသန့်စင်ရေး ဖိရိုးဖလာဓလေ့မှာ ပါဝင်ခဲ့ပါတယ်" လို့ အဆိုပါပွဲမှာ ပါဝင်ခဲ့တဲ့ အသက် ၅၁ နှစ်အရွယ် သွားဆရာဝန် မိုတိုဆူဂူမက်ဆူရာ က ပြောကြားခဲ့ပါတယ်။
ဒီဓလေ့ဟာ လွန်ခဲ့တဲ့ ၃၇ နှစ်ကတည်းက စတင်ခဲ့တဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပြီး အဲဒီလို ပါဝင် ဆုတောင်းသူတွေကို လည်း ကောင်းချီးပေးတယ်လို့ ယုံကြည်ကြပါတယ်။
ဂျပန်မှာ ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်က နိုတိုကျွန်းဆွယ်မှာ အင်အား ၇.၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့တာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၃)နှစ်နီးပါးကာလအတွင်း ဖမ်းဆီးခံရသည့် လျှပ်စစ်ဝန်ထမ်း(၆၀)ကျော်ရှိခဲ့
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ