မရမ်းကုန်းမြို့နယ်၌ ဝိုင်ဖိုင်ကြိုးများ ပြုပြင်နေသည့် ဆယ်ကျော်သက်အရွယ် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး
စော (NSS) - ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် ဝိုင်ဖိုင်ကြိုးများ ပြုပြင်နေသည့် ဆယ်ကျော်သက်အရွယ် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၁၃ ရက်)၊ ညနေ (၃)နာရီဝန်းကျင်အချိန်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံ၊ ယင်းမာလမ်းတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
“ကျွန်တော်တို့ကို သူတို့က ဓာတ်လိုက်ပြီးမှ လှမ်းခေါ်တာ။ ရောက်တဲ့အချိန်ကျတော့ ဆုံးသွားပြီ။ သူက ဝိုင်ဖိုင်လုပ်တဲ့ လူလို့ပြောတယ်။ သူတို့ ဝိုင်ဖိုင်ကြိုးပျက်လို့ တက်လုပ်တာလို့ သိရတယ်”ဟု မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ဓာတ်လိုက်သေဆုံးသူသည် ကိုသက်ဝေဖြိုး (၁၈)နှစ်ဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း သိရသည်။
၎င်း၏ရုပ်အလောင်းကို အဆိုပါအသင်းမှ မြောက်ဥက္ကလာပဆေးရုံကြီး၊ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်မှာ ငလျင်လှုပ်ခတ်မှုမှ ပြန်လည်သက်သာဖို့ လူ ၃ဝ ကျော် ရေခဲရေ ချိုးပြီး ဆုတောင်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း