ထိုင်ဝမ်လွတ်လပ်ရေးကို အားပေးထောက်ခံမှာမဟုတ်ကြောင်း အမေရိကန်သမ္မတပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၄
အမေရိကန်နိုင်ငံအနေနဲ့ ထိုင်ဝမ်နိုင်ငံရဲ့လွတ်လပ်ရေးကို ထောက်ခံမှာမဟုတ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ထိုင်ဝမ် မဲဆန္ဒရှိသူတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်က ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ တရုတ်နိုင်ငံကို ဆန့်ကျင့်ပြီး တရုတ်လက်အောက်ကနေ ခွဲထွက်လိုနေတဲ့ ထိုင်ဝမ်အာဏာရပါတီခေါင်းဆောင်တစ်ဦးကို သမ္မတ အဖြစ် မဲပေးရွေးချယ်ခဲ့ပြီဖြစ်ပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က "ကျွန်တော်တို့ဟာ ထိုင်ဝမ်ရဲ့လွတ်လပ်ရေးကိုထောက်ခံမှာ မဟုတ်ဘူး။ ထိုင်ဝမ် ရဲ့ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲရလဒ်တွေကို အခြားတစ်နိုင်ငံက ကြားဝင်စွက်ဖက်တာတွေကိုလည်း လက်ခံမှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
တရုတ်အစိုးရဟာ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူ William Lai Ching-te ကို ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ဝေဖန်ပြစ်တင်ခဲ့ပြီး ၎င်းကို သမ္မတအဖြစ် ရွေးချယ်ခဲ့မယ်ဆိုရင် ခွဲထွက်ရေးလှုပ်ရှားမှုတွေ အတွက် အန္တရာယ်ပိုမိုရှိလာနိုင်ကြောင်း ဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်ကတော့ ထိုင်ဝမ်ရွေးကောက်ပွဲမှာ William Lai Ching-te အနိုင်ရခဲ့ခြင်းကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်ရေး၊ ငြိမ်ချမ်းရေးအတွက် ပေးထားတဲ့ကတိတွေကို ဆက်လက်အကောင်အထည် ဖော်မှာဖြစ်ကြောင်း ပြောပါတယ်။
အမေရိကန်အစိုးရအနေနဲ့ ထိုင်ဝမ်သမ္မတအသစ်နဲ့အတူ ပူပေါင်းဆောင်ရွက်မှာဖြစ်သလို ထိုင်ဝမ်နိုင်ငံရေးပါတီတွေ နဲ့ပူးပေါင်းလုပ်ကိုင်သွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။ ဒါပေမယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က အမေရိကန်နိုင်ငံဟာ တရုတ်တစ်နိုင်တည်းမူဝါဒကို ဆက်လက် လိုက်နာကျင့်သုံးသွားမှာဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးမြို့၌ TOYOTA HARRIER ကားပေါ်မှ ငွေကျပ်သိန်း(၄၀၀၀)ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ