ရုရှားနိုင်ငံရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် မီးလောင်မှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၂၂)ဦးသေဆုံး
Pika (NP News) - ဒီဇင်ဘာ ၂၄
ရုရှားနိုင်ငံ ကီမီရိုဗိုမြို့ရှိ ပုဂ္ဂလိက ဘိုးဘွားရိပ်သာတစ်ခုတွင် မီးလောင်မှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၂၂)ဦးအထိသေဆုံးခဲ့ကြောင်း ရုရှားနိုင်ငံ အရေးပေါ်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အရေးပေါ်ဝန်ကြီးဌာနက"နောက်ဆုံးရ အချက်အလက်တွေအရ မီးလောင်မှုအတွင်းမှာ လူ(၂၂)ဦးသေဆုံးခဲ့ပါတယ်"ဟုပြောဆိုခဲ့သည်။
ကီမီရိုဗိုမြို့ရှိ ဘိုးဘွားရိပ်သာတွင် ဒီဇင်ဘာလ(၂၃)ရက်က မီးလောင်မှုများဖြစ်ပွားခဲ့ပြီး ည(၁၁)နာရီ (၃၉)မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ရုရှားနိုင်ငံ အရေးပေါ်ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက Sputnik သတင်းဌာနသို့ ပြောကြားခဲ့သည်။
အဆိုပါမီးလောင်မှုများဖြစ်ပွားပြီးနောက် သေဆုံးသူဦးရေမှာ (၁၃)ဦးရှိကြောင်း အဆိုပါဘိုးဘွားရိပ်သာသည် တရားမဝင်ကြောင်း အရေးပေါ်ဝန်ကြီးဌာနက အစောပိုင်းတွင်ပြောကြားခဲ့သည်။
အဆိုပါမီးလောင်မှုများဖြစ်ပွားပြီးနောက် လူ(၂)ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိပြီး စုစုပေါင်းလူ(၆)ဦးသည် မီးလောင်ဒဏ်ရာများကြောင့် ဆေးကုသမှုများခံယူနေကြောင်း ဒေသဆိုင်ရာကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။ ဒေသတွင်း ဘိုးဘွားရိပ်သာများအားလုံး အထူးသဖြင့် ပုဂ္ဂလိက ဘိုးဘွားရိပ်သာများကို လာမည့်သီတင်းပတ်အတွင်း စတင်စစ်ဆေးမည်ဖြစ်ကြောင်း ကီမီရိုဗိုဒေသအုပ်ချုပ်ရေးမှူး ဆာဂေးတီစီဗီလက်ဗ်ကပြောကြားခဲ့သည်။
ကီမီရိုဗိုမြို့တွင် မီးလောင်မှုများဖြစ်ပွားခဲ့ပြီးနောက် ရုရှားစုံစမ်းစစ်ဆေးရေး ကော်မတီက အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။
zawgyi version
႐ုရွားႏိုင္ငံရွိ ဘိုးဘြားရိပ္သာတစ္ခုတြင္ မီးေလာင္မႈမ်ားျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၂၂)ဦးေသဆုံး
Pika (NP News) - ဒီဇင္ဘာ ၂၄
႐ုရွားႏိုင္ငံ ကီမီ႐ိုဗိုၿမိဳ႕ရွိ ပုဂၢလိက ဘိုးဘြားရိပ္သာတစ္ခုတြင္ မီးေလာင္မႈမ်ားျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၂၂)ဦးအထိေသဆုံးခဲ့ေၾကာင္း ႐ုရွားႏိုင္ငံ အေရးေပၚဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့သည္။
အေရးေပၚဝန္ႀကီးဌာနက"ေနာက္ဆုံးရ အခ်က္အလက္ေတြအရ မီးေလာင္မႈအတြင္းမွာ လူ(၂၂)ဦးေသဆုံးခဲ့ပါတယ္"ဟုေျပာဆိုခဲ့သည္။
ကီမီ႐ိုဗိုၿမိဳ႕ရွိ ဘိုးဘြားရိပ္သာတြင္ ဒီဇင္ဘာလ(၂၃)ရက္က မီးေလာင္မႈမ်ားျဖစ္ပြားခဲ့ၿပီး ည(၁၁)နာရီ (၃၉)မိနစ္တြင္ မီးၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္း ႐ုရွားႏိုင္ငံ အေရးေပၚဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက Sputnik သတင္းဌာနသို႔ ေျပာၾကားခဲ့သည္။
အဆိုပါမီးေလာင္မႈမ်ားျဖစ္ပြားၿပီးေနာက္ ေသဆုံးသူဦးေရမွာ (၁၃)ဦးရွိေၾကာင္း အဆိုပါဘိုးဘြားရိပ္သာသည္ တရားမဝင္ေၾကာင္း အေရးေပၚဝန္ႀကီးဌာနက အေစာပိုင္းတြင္ေျပာၾကားခဲ့သည္။
အဆိုပါမီးေလာင္မႈမ်ားျဖစ္ပြားၿပီးေနာက္ လူ(၂)ဦးမွာ စိုးရိမ္ရသည့္အေျခအေနတြင္ရွိၿပီး စုစုေပါင္းလူ(၆)ဦးသည္ မီးေလာင္ဒဏ္ရာမ်ားေၾကာင့္ ေဆးကုသမႈမ်ားခံယူေနေၾကာင္း ေဒသဆိုင္ရာက်န္းမာေရးအာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။ ေဒသတြင္း ဘိုးဘြားရိပ္သာမ်ားအားလုံး အထူးသျဖင့္ ပုဂၢလိက ဘိုးဘြားရိပ္သာမ်ားကို လာမည့္သီတင္းပတ္အတြင္း စတင္စစ္ေဆးမည္ျဖစ္ေၾကာင္း ကီမီ႐ိုဗိုေဒသအုပ္ခ်ဳပ္ေရးမႉး ဆာေဂးတီစီဗီလက္ဗ္ကေျပာၾကားခဲ့သည္။
ကီမီ႐ိုဗိုၿမိဳ႕တြင္ မီးေလာင္မႈမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ ႐ုရွားစုံစမ္းစစ္ေဆးေရး ေကာ္မတီက အမႈဖြင့္ကာ စုံစမ္းစစ္ေဆးမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်သစ်နိုင်ငံ ပဲရစ်မြို့လယ်ခေါင်တွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုများကြောင့် အနည်းဆုံး လူ(၃) ဦးသေဆုံး
RELATED POSTS
17 Sep 2023 | နိုင်ငံတကာ,ပြည်တွင်း
28 Aug 2023 | နိုင်ငံတကာ,ပြည်တွင်း
29 May 2023 | နိုင်ငံတကာ,ပြည်တွင်း
18 Feb 2023 | နိုင်ငံတကာ,ပြည်တွင်း