ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသရှိ ရေခဲလွှမ်းတောင် တန်းမှာ မာရသွန်ပြိုင်ပွဲကျင်းပ
ရောင်နီ(NSS) - ဇန်နဝါရီ ၁၃
ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသမှာ အပူချိန် - ၅၂ ဒီဂရီစင်တီဂရိတ် (- ၆၂ ဖာရင်ဟိုက်)ရှိ ရေခဲတွေ ဖုံး လွှမ်းနေတဲ့ တောင်တန်းမှာ ကမ္ဘာ့အပြင်းထန်ဆုံး အပြေးပြိုင်ပွဲတစ်ခုမှာ သောကြာနေ့(ဇန်နဝါရီလ ၁၂ ရက်)က ကျင်းပခဲ့ပါတယ်။
ဒီပြိုင်ပွဲအတွက် အပြေးသမားတွေကို ဆိုက်ဘေးရီးယားရှိ Oymyakon မှာ ပွဲမစမီ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လမ်းကြောင်းတစ်လျှောက် ဟင်းရည်ပူပူနဲ့ အဆာပြေများ ကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။ အအေးဒဏ်ကို ခြေဆုံးခေါင်းဆုံး ကျော်ဖြတ်ရတဲ့ မာရသွန်ပြိုင်ပွဲကို စုစုပေါင်း လူ ၃၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ ပြည်တွင်းမီဒီယာများက ဆိုပါတယ်။
မာရသွန်ပြေးသူတစ်ဦးဖြစ်တဲ့ အလီဆာမယဗီဗာက "မော်စကိုမှာ ယခင် အနိမ့်ဆုံးအပူချိန် အနုတ် ၂ဝ ဒီဂရီ စင်တီဂရိတ်မှာသာ အပြေးလေ့ကျင့်ခဲ့ဖူးတာကြောင့် အခုအတွေ့အကြုံဟာ အလွန်ကြောက်စရာကောင်းတယ်၊ မျက်လုံးတွေမှာ ရေခဲတွေ ဖုံးလွှမ်းနေခဲ့တယ်"လို့ ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇန်နဝါရီလ ၁၃ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ် သတင်းများ
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ