အမျိုးသား(၂)ဦးက ဆံပင်ညှပ်ဆိုင်တံခါးကိုဖွင့်ခိုင်းပြီး ဖွင့်ပေးသူကိုဓားဖြင့်ခုတ်ကာ ဖုန်းလုယက်ယူဆောင်မှုဖြစ်ပွား
ကျော်(NSS) - ဇန်နဝါရီ ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အမျိုးသား(၂)ဦးက ဆံပင်ညှပ်ဆိုင်တံခါးကိုဖွင့်ခိုင်းပြီးနောက် ဖွင့်ပေးသူကိုဓားဖြင့်ခုတ်ကာ ကိုင်ဆောင်ထားသည့်ဖုန်းကိုလုယက်ယူဆောင်သွားခဲ့ကြကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယမန်နေ့ (ဇန်နဝါရီလ ၁၂ ရက်)၊ ည ၁၁ နာရီကျော်ခန့်က မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်၊ တက္ကသိုလ်ပတ် လမ်းရှိ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်၊ တက္ကသိုလ်ပတ်လမ်းတွင်ဖွင့်လှစ်ထားသည့် ဆံပင်ညှပ်ဆိုင်တစ်ဆိုင်သို့ အမျိုးသား(၂)ဦးရောက်ရှိလာကာ တံခါးအားရိုက်နှက်ပြီးဖွင့်ခိုင်းခဲ့သဖြင့် ဆိုင်ဝန်ထမ်းလူငယ်တစ်ဦးက ဖွင့်ပေးခဲ့ကြောင်း သိရသည်။
"တက္ကသိုလ်ပတ်လမ်း တိပိဋကမ္ဘောဇဘုန်းကြီးကျောင်းရှေ့က ဆံပင်ညှပ်ဆိုင်မှာဖြစ်သွားတာပါ။ ဆိုင်ကကောင်လေးက တံခါးကိုအပြင်ကနေ ထုရိုက်နေလို့ ဖွင့်ပေး လိုက်တဲ့အချိန် သူ့ကိုအပြင်ဆွဲထုတ်ပြီး ဓားနဲ့ခုတ်တယ်။ ပတ်ဝန်းကျင်က အသံတွေကြားလို့ထွက်ကြည့်ကြတော့ ကောင်လေး ကိုင်ထားတဲ့ဖုန်းကိုလုယူပြီး ထွက်ပြေးသွားတယ်"ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက NSS ကိုပြောသည်။
ဓားဖြင့်ခုတ်ခံရမှုကြောင့် ဆိုင်ဝန်ထမ်းလူငယ်၏ မျက် နှာ၊ ဦးခေါင်းနှင့် လက်တို့တွင် ပြတ်ရှဒဏ်ရာများရရှိခဲ့ သော်လည်း မစိုးရိမ်ရဘဲ ဒေသခံလူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်အား ရဲတပ်ဖွဲ့မှလာရောက်စစ်ဆေး၍ ပြစ်မှုကျူး လွန်သူ(၂)ဦးအား ဖမ်းဆီးရမိရေးအတွက် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနှင့်မြန်မာနယ်စပ်ဒေသ အခြေအနေများကိုအနီးကပ်စောင့်ကြည့်နေရဟု အိန္ဒိယဗိုလ်ချုပ်ကြီးပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း