အီရန်နိုင်ငံ နဲ့ စစ်ရေးပဋိပက္ခဖြစ်လာဖို့ မလိုလားကြောင်း အမေရိကန်အစိုးရပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၃
အမေရိကန်အစိုးရဟာ အီရန်နိုင်ငံရဲ့အကူအညီတွေများစွာရရှိထားတဲ့ ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အုပ်စုကို ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်နေပေမယ့် အီရန်နိုင်ငံ နဲ့ စစ်ရေးပဋိပက္ခတွေဖြစ်အောင်ကြိုးပမ်းမှာမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်အစိုးရဟာ ပင်လယ်နီဒေသအတွင်းက ဖြတ်သန်းနေတဲ့ ကုန်စည်သင်္ဘောတွေကို တိုက်ခိုက်နေတဲ့ ဟူသီလက်နက်ကိုင်အုပ်စုအပေါ် ဇန်နဝါရီလ ၁၁ ရက်က စတင်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီအဖွဲ့ပြောရေးဆိုခွင့်ရှိ သူ ဂျွန်ကာဘိုင်က "ကျွန်တော်တို့ဟာ အီရန်နိုင်ငံနဲ့ စစ်ရေးပဋိပက္ခဖြစ်အောင် လုပ်ဆောင်မှာမဟုတ်ဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက လုပ်ဆောင်ခဲ့တဲ့အရာတွေထက်ကျော်လွန်ပြီး ထပ်မံလုပ်ဆောင်သွားဖို့အစီအစဉ်မရှိပါဘူး"လို့ပြောပါတယ်။
အီရန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေကို လက်အောက်ခံအဖြစ်ကူညီထောက်ပံ့ပေးနေပြီး ဟူသီလက်နက်ကိုင်အုပ်စုကိုလည်း စစ်လက်နက်ပစ္စည်းတွေအပြင် အခြားအကူအညီတွေပေးနေကြောင်းသိရပါတယ်။ အမေရိကန်အစိုးရကအီရန်နိုင်ငံအနေနဲ့ ဟူသီလက်နက်ကိုင်အုပ်စုကို ကူညီပေးနေတာတွေ ရပ်တန့်စေလိုကြောင်း သတိပေးပြောဆိုထားပါတယ်။ ဂျွန်ကာဘိုင်က အမေရိကန် နဲ့ ဗြိတိန်တို့ဟာ ဟူသီလက်နက်ကိုင်အုပ်စုတွေကို တရားဝင်ပစ်မှတ်တွေအဖြစ် တိုက်ခိုက်ခဲ့ခြင်းမျိုးဖြစ်ကြောင်း၊ ဟူသီလက်နက်ကိုင်အုပ်စုဟာ တိုက်ခိုက်မှုတွေကို မရပ်တန့်ဘူးဆိုရင် လက်တုံ့ပြန်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ကြောင်း ထပ်မံသတိပေးခဲ့ပါတယ်။
အစ္စရေးနဲ့ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ဟူသီလက်နက်ကိုင်အုပ်စုဟာ ပါလက်စတိုင်းတွေနဲ့ စုစည်းညီညွတ်ကြောင်းပြသနိုင်ဖို့ပင်လယ်နီဒေသအတွင်းက ဖြတ်သန်းတဲ့ အစ္စရေးကုန် စည်သင်္ဘောတွေနဲ့ အစ္စရေးနိုင်ငံကိုသွားမယ့် ကုန်စည်သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့သမိုင်းဝင် ကွေ့ချောင်းခံတပ်ကြီး၌ ကမ္ဘာလှည့်ခရီးသွားများအဆင်ပြေစေရန်အတွက် Base Camp များ တည်ဆောက်သင့်ဟုဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း