ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အုပ်စုများရဲ့ ပစ်မှတ်များကို အမေရိကန်စစ်တပ် တိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၃
အမေရိကန်စစ်တပ်ဟာ ယီမင်နိုင်ငံရှိ ဟူသီလက်နက် ကိုင်အုပ်စုများကို ဇန်နဝါရီလ ၁၂ ရက်မှာထပ်မံတိုက် ခိုက်ခဲ့ကြောင်းသိရပါတယ်။
အမေရိကန် နဲ့ ဗြိတိန်စစ်တပ်တို့ပူးပေါင်းပြီး ဇန်နဝါရီလ ၁၁ ရက်မှာ ဟူသီလက်နက်ကိုင်အုပ်စုထိန်းချုပ်ထားတဲ့ ယီမင်နိုင်ငံကို ပထမဆုံးအကြိမ်တိုက်ခိုက်ခဲ့ပြီးနောက်
ဇန်နဝါရီလ ၁၂ ရက်မှာလည်း ထပ်မံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကမ္ဘာ့ကုန် သွယ်ရေးကို ခြိမ်းခြောက်မှုလုပ်ဆောင်နေခြင်းကို တား ဆီးဖို့ နဲ့ ဟူသီလက်နက်ကိုင်အုပ်စုတွေကို အပြစ်ပေးနိုင်အောင် ယီမင်နိုင်ငံကို တိုက်ခိုက်ဖို့ ခွင့်ပြုပေးထားကြောင်း သိရပါတယ်။
အမေရိကန်စစ်တပ်ဟာ ဇန်နဝါရီလ ၁၁ ရက်က ယီမင်နိုင်ငံကို ပထမဆုံးအကြိမ်တိုက်ခိုက်ရာမှာ နိုင်ငံပေါင်း (၄)နိုင်ငံ ပူးပေါင်းပါဝင်ခဲ့ပြီး ယီမင်နိုင်ငံရှိ ဟူသီလက် နက်ကိုင်အုပ်စုရဲ့စစ်ရေးနဲ့ပတ်သက်တဲ့ အဆောက်အဦးစခန်းပေါင်း ၃၀ နီးပါးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။
အမေရိကန်အစိုးရဟာ ဟူသီလက်နက်ကိုင်အုပ်စုရဲ့ ပင် လယ်နီဒေသအတွင်း တိုက်ခိုက်မှုတွေကြောင့် ရေ ကြောင်းကုန်သွယ်ရေးခြိမ်းခြောက်မှုတွေ ရှိလာမှာကို စိုးရိမ်တဲ့အတွက် အခုလိုမျိုးတိုက်ခိုက်လာခြင်းဖြစ် ကြောင်းသိရပါတယ်။ အမေရိကန်စစ်တပ်ဟာ ဟူသီလက်နက်ကိုင်အုပ်စုကို သတိပေးမှုတွေ ထုတ်ပြန်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ယီမင်နိုင်ငံကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဟူသီလက်နက်ကိုင်အုပ်စုဟာ အမေရိကန်အစိုးရက သတိပေးမှုတွေရှိနေတဲ့ကြားကနေ ဇန်နဝါရီလ ၁၀ ရက်မှာ ပင်လယ်နီဒေသအတွင်းဖြတ်သန်းနေတဲ့ ကုန်စည်သင်္ဘောတွေကို ဒရုန်း ၁၈ စင်း၊ ဒုံးကျည် ၃ စင်း အသုံးပြုကာ တိုက်ခိုက်ခဲ့ရာ အမေရိကန် နဲ့ ဗြိတိန်ရေတပ်တို့က ဖျက်ဆီးခဲ့ရကြောင်းသိရပါတယ်။ အမေရိကန်သမ္မတဟာ ဟူသီလက်နက်ကိုင်အုပ်စုရဲ့တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့ ယီမင်နိုင်ငံကို လေကြောင်းတိုက်ခိုက်မှုအပြင် ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ဖို့ တရားဝင်စာရေးသားတောင်းဆိုခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံရေးပါတီများ ခိုင်မာအားကောင်းမှသာ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးဖော်ဆောင်နိုင်မည်ဟု UEC ဥက္ကဋ္ဌပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း